အဆိုးတွေထဲက ကောင်းမွေတစ်ခု ======================== ဟိုးအရင်ကပေါ့ဗျား ။ သရာဝီဟ် ဖတ်တဲ့အချိန်ဆို ပထမတစ်ရက် ဒုတိယတစ်ရက်နဲ့ တတိယတစ်ရက်လောက်ပဲ ဗလီမှာ လူပြည့်တာရယ် ။ ကျန်တဲ့ရက်တွေများကျတော့ အိမ်ကနေတော့ မိသားစုကို သရာဝီဟ်သွားဖတ်မယ်ဆိုပြီး ပြောလာသတဲ့ ။ အဲ့..တကယ်တန်းကျတော့ သရီာဟ်ဖတ်ဖို့ ဗလီပေါ် မရောက်ဘဲ ဗလီနားက လက်ဖက်ရည်ဆိုင် ရောက်နေတာနဲ့ Net -Work ဂိမ်းဆိုင်တွေ ရောက်နေတာနဲ့ အင်တာနက်ဆိုင်တွေ ရောက်နေတာနဲ့ ။ 27ရက်နေ့လောက်ကျမှ ဗလီပေါ် သရာဝီဟ်ဖတ်ဖို့ ပြန်ရောက်လာကြတာရယ် ။ အခုလို ပြောလို့ ဟိုတွေးဒီတွေးနဲ့ ဟိုထင် ဒီထင် မထင်နဲ့အုံး အခုပြောနေတာ ကိုယ့်အကြောင်း ကိုယ်ပြောနေတာ အဲ့ ဒီနှစ် ရမဇာန်ကျတော့ စစချင်းမှာပဲ မြန်မာမွတ်စ်လာင်မ်တွေကြားမှာ ၀မ်းနည်းပူဆွေးစရာ စကြုံရတယ် ။ အားလုံး သိတော်မူကြတယ့်အတိုင်း မန်းလေးကိစ္စပေါ့ ။ ဘာမှ မန်းသူမန်းသားတွေအတွက် မလုပ်ပေးနိုင်တော့ အကြီးစားလက်နက် နဲ့ အကြီးစား အင်အားတွေဖြစ်တဲ့ ဒုအာနဲ့ အီမာန်ရယ့် အင်အားနဲ သူတို့အတွက် ကောင်းမှုလုပ်ရက်တိုင်းမှာပဲဖြစ
မန်းလေးသတင်းအမှန်များစုစည်းရာ
Monday, July 7, 2014
Yooyoolay Love
အဆိုးတွေထဲက ကောင်းမွေတစ်ခု ======================== ဟိုးအရင်ကပေါ့ဗျား ။ သရာဝီဟ် ဖတ်တဲ့အချိန်ဆို ပထမတစ်ရက် ဒုတိယတစ်ရက်နဲ့ တတိယတစ်ရက်လောက်ပဲ ဗလီမှာ လူပြည့်တာရယ် ။ ကျန်တဲ့ရက်တွေများကျတော့ အိမ်ကနေတော့ မိသားစုကို သရာဝီဟ်သွားဖတ်မယ်ဆိုပြီး ပြောလာသတဲ့ ။ အဲ့..တကယ်တန်းကျတော့ သရီာဟ်ဖတ်ဖို့ ဗလီပေါ် မရောက်ဘဲ ဗလီနားက လက်ဖက်ရည်ဆိုင် ရောက်နေတာနဲ့ Net -Work ဂိမ်းဆိုင်တွေ ရောက်နေတာနဲ့ အင်တာနက်ဆိုင်တွေ ရောက်နေတာနဲ့ ။ 27ရက်နေ့လောက်ကျမှ ဗလီပေါ် သရာဝီဟ်ဖတ်ဖို့ ပြန်ရောက်လာကြတာရယ် ။ အခုလို ပြောလို့ ဟိုတွေးဒီတွေးနဲ့ ဟိုထင် ဒီထင် မထင်နဲ့အုံး အခုပြောနေတာ ကိုယ့်အကြောင်း ကိုယ်ပြောနေတာ အဲ့ ဒီနှစ် ရမဇာန်ကျတော့ စစချင်းမှာပဲ မြန်မာမွတ်စ်လာင်မ်တွေကြားမှာ ၀မ်းနည်းပူဆွေးစရာ စကြုံရတယ် ။ အားလုံး သိတော်မူကြတယ့်အတိုင်း မန်းလေးကိစ္စပေါ့ ။ ဘာမှ မန်းသူမန်းသားတွေအတွက် မလုပ်ပေးနိုင်တော့ အကြီးစားလက်နက် နဲ့ အကြီးစား အင်အားတွေဖြစ်တဲ့ ဒုအာနဲ့ အီမာန်ရယ့် အင်အားနဲ သူတို့အတွက် ကောင်းမှုလုပ်ရက်တိုင်းမှာပဲဖြစ်ဖြစ်
ဒုအာမှာပဲဖြစ်ဖြစ် သတိတွေ ရပေးကြတာ အားရစရာဗျား ။ ဘယ်လောက်အထိ
အားရစရာကောင်းလဲဆို အခုထိ သရာဝီဟ်အချိန်ဆို လူမလျော့သေးဘူး အရင်က
သရာဝီဟ်အချိန်ဆို ဘောလုံးထွက်ကန်တတ်တဲ့ ကလေးတွေ (လူငယ်တွေဆို ပိုမှန်တယ် )
ကလည်း အခုဆို ဘောလုံးထွက်မကန်ဘူး ။ ဗလီထဲမှာလည်း
ဘောလုံးပွဲအကြောင်းမပြောဘူး သရာဝီဟ်ကို စွဲစွဲမြဲမြဲ ဖတ်တာ ပြောပါတယ် ။
ဒီလိုပဲ အရင်က သရာဝီဟ်အချိန်ဆို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဖုန်းနဲ့ ဟိုပွတ်
ဒီပွတ်လုပ်နေတဲ့ သူတွေ တစ်စုလည်း အခုဆို ဗလီပေါ်အထိ တက်မပွတ်တော့ဘူး
သရာဝီဟ်ဖတ်နေရလို့ ပွတ်ချိန်တောင်မရှိပါဘူးဗျား တကယ် မနေ့တုန်းကဆို
လူတစ်စုကတောင် ပြောသေးတယ် ရန်ကုန်ကသူတွေ အခုလို ဟေဒါရသ်ရဖို့ မန်းလေးက
လူတစ်စုက အနစ်နာခံပေးရတယ်တဲ့ ကျွန်တော်ကတော့ အဲ့လို မမြင်ဘူး ။ ရန်ကုန်ကော
မန်းလေးကော အပါအ၀င် မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ မွတ်စလာင်မ်အပေါင်းက "
ခေတ်ကာလ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို အမိအရခံနေရသော်လည်း
အရှင်မြတ်အား၎င်းအရှင်မြတ်၏ရစူလ်တမန်တော်အား၎င်း
အောက်မေ့တသခြင်းကို လျစ်လျူရှု့ စွန့်ပယ်ခြင်းမရှိခဲ့ပါ " ဆိုတာကို
လယ်ပြင်မှာ ဆင်သွားသလို ဗွင်းဗွင်းကြီး ပြလိုက်တာပါပဲ မည်သို့ပင်ဆိုစေကာမှု
အဆိုးများထဲက ကောင်းမွေတစ်ခု ပါလို့သာ ဆိုပေတော့မည် ။ ကျွန်တော်တို့
ရရှိထားတဲ့ အဆိုးထဲက ကောင်းမွေလေးကို စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့လည်း
မမေ့ကြနဲ့အုံး..... @ သရာဝီဟ်မဖတ်ဘဲ ရိုဇာဟ်ထားတဲ့ သူတွေကို အရမ်းမုန်းတာပဲ
မေမေ @ သရာဝီဟ်လည်းဖတ်တယ် ရိုဇာဟ်လည်း ထားတယ့်သူတွေကျ အာ...ဘွား စတာပါ
စတာပါ
အဆိုးတွေထဲက ကောင်းမွေတစ်ခု ======================== ဟိုးအရင်ကပေါ့ဗျား ။ သရာဝီဟ် ဖတ်တဲ့အချိန်ဆို ပထမတစ်ရက် ဒုတိယတစ်ရက်နဲ့ တတိယတစ်ရက်လောက်ပဲ ဗလီမှာ လူပြည့်တာရယ် ။ ကျန်တဲ့ရက်တွေများကျတော့ အိမ်ကနေတော့ မိသားစုကို သရာဝီဟ်သွားဖတ်မယ်ဆိုပြီး ပြောလာသတဲ့ ။ အဲ့..တကယ်တန်းကျတော့ သရီာဟ်ဖတ်ဖို့ ဗလီပေါ် မရောက်ဘဲ ဗလီနားက လက်ဖက်ရည်ဆိုင် ရောက်နေတာနဲ့ Net -Work ဂိမ်းဆိုင်တွေ ရောက်နေတာနဲ့ အင်တာနက်ဆိုင်တွေ ရောက်နေတာနဲ့ ။ 27ရက်နေ့လောက်ကျမှ ဗလီပေါ် သရာဝီဟ်ဖတ်ဖို့ ပြန်ရောက်လာကြတာရယ် ။ အခုလို ပြောလို့ ဟိုတွေးဒီတွေးနဲ့ ဟိုထင် ဒီထင် မထင်နဲ့အုံး အခုပြောနေတာ ကိုယ့်အကြောင်း ကိုယ်ပြောနေတာ အဲ့ ဒီနှစ် ရမဇာန်ကျတော့ စစချင်းမှာပဲ မြန်မာမွတ်စ်လာင်မ်တွေကြားမှာ ၀မ်းနည်းပူဆွေးစရာ စကြုံရတယ် ။ အားလုံး သိတော်မူကြတယ့်အတိုင်း မန်းလေးကိစ္စပေါ့ ။ ဘာမှ မန်းသူမန်းသားတွေအတွက် မလုပ်ပေးနိုင်တော့ အကြီးစားလက်နက် နဲ့ အကြီးစား အင်အားတွေဖြစ်တဲ့ ဒုအာနဲ့ အီမာန်ရယ့် အင်အားနဲ သူတို့အတွက် ကောင်းမှုလုပ်ရက်တိုင်းမှာပဲဖြစ
Saturday, July 5, 2014
လေးစားပါတယ်..Sheikh.....
မနေ့ကမှပထမဦးဆုံး Public ထွက်ပြီခွသ်ဗဟ်ပေးခဲ့တာပါ....
လူအများစုကဒါဟာအီရက်ရဲ့ခလီဖဟ် ISIS ရဲ့ အမိရ်မှန်းတောင်မသိပါဘူးးး.....
မနေ့က ဂျွမ္မာ အချိန်ကို အီရာက်နိုင်ငံ မူဆွဲလ်မြို့ရဲ့ ဂျာမေ့အ် ပလီ မှာ ရှိုင့်ခ် အိဗ်ရာဟီးမ် အဗူ ဘကရ် အလ် ဘဂ်ဒါဒီး သွားပြီး ဂျွမ္မာ ခွသ်ဗာ ပေးတယ် ဂျွမ္မာနမာဇ် ဖတ်ပြီး ပြန်လာခဲ့တယ် သို့သော် အံ့သြော်ပြီး ဂုဏ်ယူစရာကတော့ ခွသ်ဗာဟ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ ရှိုင့်ခ်ဆိုတာ ပြည်သူအများစုက သိတောင် မသိလိုက်ပါဘူးးးး။
ဒါကIslam အမိရ်တစ်ယောက်ရဲ့..နေထိုင်မူပါ......

မန္တလေး ၁၀း၁၆
အခြေ အနေ တိတ်ဆိတ်နေပါတယ်
၁၄၄ အချိန်မတိုင်ခင်မှာ သိုးခြံ နဲ့ တောင်မြင့်မှာ
လူယုတ်မာတွေက ဆိုင်ကယ်တွေနဲ့ လာဆဲသွားလို့
အနည်းငယ် လှုပ်ခတ်သွားတာကလွဲပြီး
အခုအချိန်မှာ ထိုနေရာ ၂ ခုလုံး တည်ငြိမ်နေပါပြီ
ထူးခြားတာက သိုးခြံမှာ ဖြစ်ဖြစ်ခြင်း သူခိုးဖမ်းမယ့်အဖွဲ့ ထွက်လာတဲ့ ပုံတွေက ၀ီရသူ့ဆီ အရင်ရောက်သွားတာ တခုပါပဲ
ကိုယ့်ညီနောင်များ လူကျွံဘော မဖြစ်ပါစေနဲ့
In Shaa Allah အားလုံး အဆင်ပြေ ချောမွေ့ပြီး အေဗာဒသ် (တရားအားထုတ်မှု) ကောင်းမွန်စွာ ပြုလုပ်နိုင်ပါစေ

BBC
NEWS မှ ကဗ္ဘာ သို့တရားဝင် ပြောနေပြီ တိုက် ဆိုင်လိုက် တာ များကွာ တဲ့
ကဲ ဘယ်လို လုပ် မတုန်း ????း)
BBC သတင်းထောက်တစ်ယောက်က သတင်းပေးပို့တာလေးကို ပြန်လည်မျှဝေတာပါ
ယခင်ဗိုလ်မူးချုပ်ဟောင်းခင်ညွှန့်လက်ထက်က စွမ်းအားရှင်တွေကို
သင်တန်းပေးတဲ့နေရာတွေဖြစ်တဲ့ ရေကြည်အိုင်နဲ့ရဲမွန် မှာစွမ်းအားရှင် 20000
နှစ်သောင်းလောက်ကို ဖျက်ဆီးရေးသင်တန်းပေးနေပါတယ်လို့ကြားသိရပါတယ်
ဆက်လက်ပြီး ကြားသိရတာကတော့ အဲ့ဒီဖျက်ဆီးရေးသင်တန်းဆင်း စွမ်းအားရှင်တွေဟာ
မိထ္တီလာမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခမှာလဲ သူတို့ကို လူအင်အား 2000
ခန့်စေလွှတ်ခဲ့တယ်လို့သိရပါတယ် အခုလက်ရှိ မန္တလေးမြို့မှာကို အခြေပြုပြီး
ဘာသာရေးပဋိပက္ခတွေ ပိုမိုကြီးမားကျယ်ပြန့်လာစေရန် အကြံဖြင့် လူအင်အား 200
ခန့်ကိုစေလွှတ်ပြီး လှုံ့ဆော်သွေးထိုးနေတယ်လို့လဲ သတင်းပေးပို့လာပါတယ်
ဒီသတင်းတွေကို အခြေခံသုံးသပ်ပြီး သိလိုက်ရတာကတော့ မြန်မာနိုင်ငံရဲ့လက်ရှိ
ဦးသိန်းစိန် အစိုးရဟာ နောက်ကြောင်းပြန်လှည့်လိုနေတာ သိသာထင်ရှားလာပါတယ်
မြန်မာပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအထိကရုဏ်းတွေ ပဋိပက္ခတွေဟာ
သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ်ထွက်ခွာသွားတဲ့ အချိန်မှာပဲဖြစ်ပွားနေတာကို
တွေ့ရပါတယ် ဒါဟာတိုင်ဆိုင်မှုလား ? ကြိုတင်ကြံစဉ်မှုလား ?
ဆိုတာကိုတော့တိကျစွာမသိရသေးပါဘူး..... မြန်မာပြည်သူပြည်သားတွေ အနေနဲ့ကလဲ
ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဘာသာရေးပဋိပက္ခတွေ မဖြစ်ပွားလာအောင်
ဝိုင်းဝန်းကြိုးစားပေးကျဖို့လို့ တိုက်တွန်းလိုက်ပါတယ်...........
ဦးကျော်စိုးဟိန်း ------------------------- ခု ထပ်သိရတာက. . . ကာယကံရှင်
မိသားစုဆီကနေ ထွန်းထွန်းအလောင်းကို ရွှေကြေးစည် ကိုယ်တော်က ဇွတ်ယူသွားတာ. . .
သူ့အိမ်က နန်းရှေ့မှာ . . . ။ အဲဒီကနေ ပုသိမ်ကြီးကို သယ်သွားတာတဲ့. . . . ။
ပြီးတော့ အသုဘချတော့ မန်းလေးထဲ ပြန်ဝင်လာတယ်။ ကျူံးကိုပတ်တယ်။ ဒါ
သေချာစီစဉ်ပြီး လုပ်သွားတာပါတဲ့... credit>>Tun Min latt
ကဲနော့် ဘယ်လို ပါလိမ့် ကဗ္ဘာ သိ အကြမ်းဖက် လူသတ်ခိုးဝှက် လုယက် ၉၆၉
အမှု့ကြီး ပါလားနော်။ မသေချာတဲံ သတင်း လို့ ထင် ၇င် BBC NEWS မှာ ကဗ္ဘာ သိ
လွှင့် ထားတာ သေချာလေ့လာဝင် ကြည့် နိုင်၏
မေး။ ။ ဦးစိုးမင်း အမည်မသိလူတစု၏လုပ်ကြံသတ်ဖြတ်မှုခံရပြီးနောက်ပိုင်းမှာ
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကဖြစ်စေ၊ ဗုဒ္ဓဘာသာအရပ်ဖက်လူမှု့အဖွဲ့အစည်း
တွေကဖြစ်စေ၊အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေကဖြစ်စေ၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး
တစုံတရာ ကူညီတာမျိုး၊လာရောက်မေးမြန်းတာမျိုး၊ အားပေးစကားပြောတာမျိုးရှိပါသလား
ဖြေ။ ။ ဘယ်အဖွဲ့အစည်းကမှအဖွဲ့အစည်းကိုယ်စားပြုပြီးလာရောက်တာမျိုးမရှိသေးပါဘူး။
ကျမအမျိုးသားနဲ့ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးသူများအနေနဲ့ အားပေးစကားပြောတာမျိုးပဲရှိပါတယ်။

Friday, July 4, 2014
အစိုးရက အစ္စလာမ်တွေကို ဘာသာရေးစစ်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ´
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
Bro Mohammed Bilarl Rangooni ရဲ့ Research လုပ်ထားတဲ့
အချက်အလက်တွေပါ။ ဗုဒ္ဓဘာသာဝင် မိတ်ဆွေတွေအပါဝင် အားလုံးလည်း သိသင့်တယ်လို့ ယူဆပါတယ်။ ဒါမှလည်း ခေတ်စနစ်ဆိုး အာဏာရှင်ဆိုးတွေရဲ့ အတွင်း Plan တွေနဲ့ ဘာသာရေး လူမျိုးရေး ခုတုံးလုပ်ပြီး သွေးခွဲလာခဲ့တဲ့ အကျင့်ဆိုး စနစ်ဆိုးတွေကို ပီပီပြင်ပြင် သိနိုင်မှာပါ ..။
မြန်မာနိုင်ငံမှာ ဖြစ်နေတာဟာ ဘာသာရေး အကြမ်းဖက်မှုပါ။
ဗုဒ္ဓဘာသာဝင် အစိုးရက အစ္စလာမ်ဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ ဘာသာရေးအကြမ်းဖက်မှု။ နှစ်ဖက်ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူး။ တစ်ဖက်သတ် အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။
(ဒီနေရာမှာ နားလည်ရမှာက ဗုဒ္ဓဘာသာဝင် လူများစုက လုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကြောက်တယ် မပြောရဲဘူး။ သူတို့မှာလည်း စာနာစိတ်၊ နားလည်စိတ်တွေရှိတယ်။ ဒါတွေကို ပေါ်တင်မပြရဲကြဘူး။ ကျနော့်မိတ်ဆွေထဲမှာ အစိုးရအမှုထမ်း အရာထမ်းတွေရှိတယ်။ ဘုန်းကြီးအစစ်တွေလည်း ရှိတယ်။ သူတို့ဘက်က ဖုန်းဆက်ပြီး စိတ်မကောင်းကြောင်း၊ ဝမ်းနည်းကြောင်းတွေ ပြောကြတယ်။)
အစ္စလာမ်တွေကို ဘာသာရေးစစ်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ ...?
၁။ အုပ်ချုပ်ရေးပိုင်းမှာ အစ္စလာမ်တွေ မထားပါ။ အာဏာပိုင်ထဲမှာ အစ္စလာမ် မရှိပါ။ (အစ္စလာမ့်ညီလာခံ OIC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင် ဝန်ကြီးရှိပါတယ်။ ခု မြန်မာနိုင်ငံရဲ့ ဘင်္ဂလားသံအမတ်က ဗုဒ္ဓဘာသာဝင်ပါ။)
၂။ ကက်ဘိနက်မှာ အစ္စလာမ်ဘာသာဝင် မပါပါ။ မလေးရှား ကက်ဘိနက်မှာ ဘာသာစုံပါဝင်တယ်။ (မဟာသီယာက ဦးသန်းရွှေကို
ပြောဖူးတယ်။ ဦးသန်းရွှေ နားမဝင်ပါ။)
၃။ လူဦးရေ အချိုးအစားအရ လွှတ်တော်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်
အရေအတွက်ဟာ အင်မတန်နည်းလွန်းပါတယ်။ (စင်ကာပူလွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အစ္စလာမ်အမျိုးသမီးပါ။ စင်ကာပူ အစ္စလာမ်မစ်နိုင်ငံ မဖြစ်သွားပါ။)
၎။ အစ္စလာမ်ဘာသာဝင်တွေကို ရာထူး မတက်ပေးပါ။ အစ္စလာမ်တွေအတွက် သတ်မှတ်ထားတဲ့ရာထူးတစ်ခု အထိ တက်ပေးပါတယ်။ အဲဒီရာထူးရောက်ရင် STOP ပဲ။ (ထေရဝါဒ ထိုင်းနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်က မွတ်စလင်မ်ပါ။)
၅။ ရခိုင်မှာ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားသား ကဲ့သို့ ဆက်ဆံခြင်း။ ပုံစံ ၄ ဖြင့် ခရီးသွားစေခြင်း။
၆။ မှတ်ပုံတင်လုပ်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို အထက်ညွှန်ကြားချက် အရဟုဆိုပြီး သွေးနှော သံသယ။နိုင်ငံသားသံသယ လက်မှတ်တွေ
ထုတ်ပေးတယ်။ ဒါတွေကိုတောင်ငွေသိန်းချီပေးမှ ထုတ်ပေးတယ်။ မဲလိုချင်တဲ့အခါမှာ အသုံးချဖို့ ယာယီကတ်ဆိုပြီး ကတ်တစ်ခု ထုတ်ပေးလိုက်တယ်။ ဒီကတ်ကိုတော့ ငွေလုံးဝမပေးရပါ။
၇။ ဗုဒ္ဓဘာသာ စစ်အစိုးရတက်ခဲ့တဲ့ ၁၉၆၂ ကနေစပြီး နိုင်ငံအနှံ့မှာ ဗလီတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်ခဲ့တယ်။ မွတ်စလင်မ်ရပ်ကွက်တွေကို သီးသန့် Target ထားပြီး ကျူးကျော်တံဆိပ်နှိပ်ကာ ဗလီမရှိ၊ ဘာသာရေး
စာသင်ကျောင်း မရှိနေရာကို ပို့ပစ်တယ်။
၈။ မြို့သစ်တွေမှာ ယာယီဝတ်ပြုဆောင်တွေကို လာဘ်ငွေယူပြီး ဖွင့်ခွင့်ပြု
တယ်။ ဗလီတည်ဆောက်ခွင့်တွေကို တင်ထားရင် ၁၀ နှစ်ကြာသော်လည်း
ပြန်မကျပါ။
၉။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ အလှူခံသီချင်းတွေမှာ ဗုဒ္ဓဘာသာနဲ့ မြန်မာကို
တွဲပြီး ဗုဒ္ဓဘာသာ မြန်မာတို့တိုင်းပြည်ဆိုပြီး လော်နဲ့ အော်ခဲ့တယ်။ တကယ်က မြန်မာနဲ့ ဗမာဆိုတာက လူမျိုးနာမည်။ တိုင်းပြည်နာမည်။ လူမျိုးနာမည်ကို ဘာသာနာမည်နဲ့မတွဲရဘူးလို့ အသံကျယ်ကျယ်အော်ထားတယ်။ ဒါပေမယ့် အစိုးရကိုယ်တိုင် ဒါမျိုးကို ပေါ်လစီချပြီးတွဲတာကို အားပေးတယ်။
၁၀။ ၁၉၉၃ လောက်မှာ အမျိုးပျောက်မှာစိုးကြောက်စရာ စာအုပ်ကို ရွှေတိဂုံဘုရားစောင်းတန်းက ဆိုင်တွေမှာ စရောင်းတယ်။ လက်သိပ်ထိုး ရောင်းတယ်။ လက်သိပ်ထိုးဝယ်ကြတယ်။ (နောက်ပိုင်းမှာ ၀ီရသူ ကိုယ်တိုင်
ဖြန့်ခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ဖူးတယ်)
၁၁။ မြေမျို၍လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ် ဆိုပြီး လဝကရုံးတိုင်းရဲ့
နံရံတွေမှာ ဝေါရှိအရွယ် စာလုံးတွေနဲ့ရေးသားပြီး လူထုလှုံ့ဆော်ရေးတွေ လုပ်ခဲ့တယ်။
၁၂။ နိုင်ငံတကာအမြင်မှာ ဗန်းပြဖို့ မွတ်စလင်မ်တွေထဲက အငြိမ်းစား ရာထူးကြီးကြီး ရခဲ့သူတွေကို လက်ကိုင်ဒုတ်လုပ်ပြီး အစိုးရသစ္စာခံအဖြစ် အသုံးချခဲ့တယ်။
၁၃။ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးခုဆိုပြီး ဟိတ်ကြီးဟန်ကြီး တခမ်းတနား လုပ်ပေးထားပေမယ့် တကယ့် အရေးဆိုရင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိတာကို အဖွဲ့ကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့်မှသိရမယ်။
၁၄။ အစ္စလာမ် ဘာသာကို ဘယ်လောက်ထိ စစ်အေးတိုက်လာသလဲဆိုရင် မွတ်စလင်မ်များတဲ့ရပ်ကွက်မှာ လူနေအိမ်ဆောက်မယ်ဆိုရင် အိမ်ဆောက်ခွင့်ပါမစ်က တစ်နှစ်ကျော်နေလို့မကျဘူး။ ဗုဒ္ဓဘာသာ များတဲ့ရပ်ကွက်မှာ တစ်လကျော်ကျော်နဲ့ ပါမစ်ကျတယ်။
၁၅။ လူကြီးမင်းအားလုံးအသိ 2012 ကနေစပြီး ဒီနေ့တိုင် ကမ္ဘာ့မီဒီယာများ ရှေ့ရောက်သည်အထိ မွတ်စလင်မ်ကို ပေါ်တင်စော်ကားသတ်ဖြတ် အနိုင်ကျင့်
လာခဲ့တာ လူမြင်သူမြင်ဖြစ်လာပြီ။
၁၆။ ဒါတွေအားလုံးကို အစိုးရကိုယ်တိုင် မလုပ်ပါဘူး။ လက်ကိုင်ဒုတ်တွေမွေးပြီး လုပ်ခိုင်းခဲ့တာပါ။ မိတ္ထီလာမှာ ကလေးငယ်လေးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်မီးရှို့တော့ အစိုးရကိုယ်တိုင်မဟုတ်ပါဘူး။ လက်ကိုင်ဒုတ် အကြမ်းဖက်သမားတွေကို လုပ်ခိုင်းတာပါ။ ရဲကတောင် ပစ်မိန့်မရဘူး။ တားခွင့်မရှိဘူး။
၁၇။ ဗလီတွေကို မီးရှို့တဲ့အခါ မီးသတ်ကားတွေ ရောက်မလာပါဘူး။
အထက်က အမိန့်မရလို့ပါ။ အထက်က ဘယ်သူလဲ။
၁၈။ ပုဒ်မ ၁၈ အရ ဆန္ဒပြသူတွေဟာ မြို့နယ်မှူးဆီမှာ ခွင့်ပြုချက်တောင်းခံ
ရပါတယ်။ 15-11-2013 နေ့က ကမ္ဘာ့အစ္စလာမ်ကို ဗုဒ္ဓဘာသာ အာဏာပိုင
်ခွင့်ပြုချက်နဲ့ စော်ကားလိုက်ကြပြီ။
၁၉။ သမ္မတရဲ့ စကားတွေကို သစ်ပင်မှာချိတ်ထားလိုက်ရင် ပန်းဝတ်ရည်
်နဲ့မှားပြီး ပျားတွေတောင် လာစုပ်မှာ စိုးရိမ်ရတယ်။ သမ္မတရဲ့လူတွေ လုပ်ရပ်ကတော့ နာဇီတွေရဲ့လုပ်ရပ်ထက် ဆိုးဝါးနေတာ တွေ့ရတယ်။ ဗုဒ္ဓဘာသာအစိုးရက အစ္စလာမ်အပေါ်မှာ နှစ်ပေါင်း ရာစုဝက်မက တိုက်စစ်ဆင်လာတာကိုသိအောင် ရေးသားလိုက်ရပါတယ်။
ဒီနေ့ဖြစ်ပျက်နေတာတွေက အစ မဟုတ်ပါဘူး။ အဆုံးပါဆိုတာကို သိအောင်လို့ပါ။ မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များသိအောင် ပြောပြချင်တာက မွတ်စလင်မ်တွေဟာ
သားဖောက်သာသနာပြုခြင်း မရှိခဲ့ဘူး၊ နောက်လည်းရှိမှာ မဟုတ်သလိုအခုလည်း မရှိပါ။ ဘာသာမတူသူချင်း ချစ်ကြိုက်မိတာ တစ်ကဏ္ဍပါ။ ခုလဲ ကျနော့်
မိတ်ဆွေတွေထဲမှာ ရှိနေတုန်းပါ။ အမျိုးထဲမှာတောင်ရှိပါတယ်။ သူတို့မှာ သာသနာပြုလိုတဲ့ ရည်ရွယ်ချက်မပြောနဲ့၊ အစ္စလာမ်က ပြဌာန်းထားတဲ့ တစ်နေ့ ငါးကြိမ် ဝတ်ပြုမှုလေးကိုတောင်မလုပ်နိုင်တဲ့လူတွေပါ။ ဘယ်လိုသာသနာပြုမလဲ။
ဒါ့ကြောင့် အစ္စလာမ်က မြန်မာနိုင်ငံကိုသိမ်းပိုက်ဖို့ မရှိဘူး။ ဗုဒ္ဓဘာသာကို ပျောက်ကွယ်သွားအောင် လုပ်ဖို့မရှိဘူး။ ရှင်းရှင်းပြောရင် စိတ်မဝင်စားဘူး။
အစ္စလာမ့်တရားတွေကို လေ့လာကြည့်ပါ။ လိုက်နာကျင့်သုံးတဲ့ အစ္စလာမ်
ဘာသာဝင်တစ်ယောက်မှာ အပိုချိန်မရှိသလောက် ရှားတယ်။ သာသနာတစ်ခုဆိုတာ ပျောက်အောင်လုပ်လို့မရပါ။ မြန်မာနိုင်ငံမှာ ခုထက်ထိ နတ်ကိုးကွယ်သူတွေ ရှိနေသေးတာကို ကြည့်ပါ။ ဗုဒ္ဓဘာသာမှာနတ်ကိုးကွယ်ခြင်းမရှိပါ။ ဒါပေမယ့် ဗုဒ္ဓထွန်းကားတဲ့ တိုင်းပြည်မှာ နတ်ကိုးကွယ်သူတွေ ဒုနဲ့ဒေးပါ။ ဒီလိုပဲ အာရပ်ကမ္ဘာမှာ..မွတ်စလင်မ်တွေချည်းပဲလို့ ထင်ရင်မှားသွားမယ်။ အာရပ် ခရစ်ယာန်တွေ အများကြီးပါ။ စာလဲရှည်သွားပြီ .. အမှားပါရင်ခွင့်လွှတ်ပါ။
လူမျိုးမခြား ဘာသာမခြား ပြည်ထောင်စုဖွားအားလုံး ကိုယ်စိတ်နှလုံး သုံးပါးစလုံး ငြိမ်းချမ်းသာယာ ကြည်နူးစွာရှိပါစေ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
Bro Mohammed Bilarl Rangooni ရဲ့ Research လုပ်ထားတဲ့
အချက်အလက်တွေပါ။ ဗုဒ္ဓဘာသာဝင် မိတ်ဆွေတွေအပါဝင် အားလုံးလည်း သိသင့်တယ်လို့ ယူဆပါတယ်။ ဒါမှလည်း ခေတ်စနစ်ဆိုး အာဏာရှင်ဆိုးတွေရဲ့ အတွင်း Plan တွေနဲ့ ဘာသာရေး လူမျိုးရေး ခုတုံးလုပ်ပြီး သွေးခွဲလာခဲ့တဲ့ အကျင့်ဆိုး စနစ်ဆိုးတွေကို ပီပီပြင်ပြင် သိနိုင်မှာပါ ..။
မြန်မာနိုင်ငံမှာ ဖြစ်နေတာဟာ ဘာသာရေး အကြမ်းဖက်မှုပါ။
ဗုဒ္ဓဘာသာဝင် အစိုးရက အစ္စလာမ်ဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ ဘာသာရေးအကြမ်းဖက်မှု။ နှစ်ဖက်ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူး။ တစ်ဖက်သတ် အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။
(ဒီနေရာမှာ နားလည်ရမှာက ဗုဒ္ဓဘာသာဝင် လူများစုက လုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကြောက်တယ် မပြောရဲဘူး။ သူတို့မှာလည်း စာနာစိတ်၊ နားလည်စိတ်တွေရှိတယ်။ ဒါတွေကို ပေါ်တင်မပြရဲကြဘူး။ ကျနော့်မိတ်ဆွေထဲမှာ အစိုးရအမှုထမ်း အရာထမ်းတွေရှိတယ်။ ဘုန်းကြီးအစစ်တွေလည်း ရှိတယ်။ သူတို့ဘက်က ဖုန်းဆက်ပြီး စိတ်မကောင်းကြောင်း၊ ဝမ်းနည်းကြောင်းတွေ ပြောကြတယ်။)
အစ္စလာမ်တွေကို ဘာသာရေးစစ်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ ...?
၁။ အုပ်ချုပ်ရေးပိုင်းမှာ အစ္စလာမ်တွေ မထားပါ။ အာဏာပိုင်ထဲမှာ အစ္စလာမ် မရှိပါ။ (အစ္စလာမ့်ညီလာခံ OIC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင် ဝန်ကြီးရှိပါတယ်။ ခု မြန်မာနိုင်ငံရဲ့ ဘင်္ဂလားသံအမတ်က ဗုဒ္ဓဘာသာဝင်ပါ။)
၂။ ကက်ဘိနက်မှာ အစ္စလာမ်ဘာသာဝင် မပါပါ။ မလေးရှား ကက်ဘိနက်မှာ ဘာသာစုံပါဝင်တယ်။ (မဟာသီယာက ဦးသန်းရွှေကို
ပြောဖူးတယ်။ ဦးသန်းရွှေ နားမဝင်ပါ။)
၃။ လူဦးရေ အချိုးအစားအရ လွှတ်တော်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်
အရေအတွက်ဟာ အင်မတန်နည်းလွန်းပါတယ်။ (စင်ကာပူလွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အစ္စလာမ်အမျိုးသမီးပါ။ စင်ကာပူ အစ္စလာမ်မစ်နိုင်ငံ မဖြစ်သွားပါ။)
၎။ အစ္စလာမ်ဘာသာဝင်တွေကို ရာထူး မတက်ပေးပါ။ အစ္စလာမ်တွေအတွက် သတ်မှတ်ထားတဲ့ရာထူးတစ်ခု အထိ တက်ပေးပါတယ်။ အဲဒီရာထူးရောက်ရင် STOP ပဲ။ (ထေရဝါဒ ထိုင်းနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်က မွတ်စလင်မ်ပါ။)
၅။ ရခိုင်မှာ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားသား ကဲ့သို့ ဆက်ဆံခြင်း။ ပုံစံ ၄ ဖြင့် ခရီးသွားစေခြင်း။
၆။ မှတ်ပုံတင်လုပ်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို အထက်ညွှန်ကြားချက် အရဟုဆိုပြီး သွေးနှော သံသယ။နိုင်ငံသားသံသယ လက်မှတ်တွေ
ထုတ်ပေးတယ်။ ဒါတွေကိုတောင်ငွေသိန်းချီပေးမှ ထုတ်ပေးတယ်။ မဲလိုချင်တဲ့အခါမှာ အသုံးချဖို့ ယာယီကတ်ဆိုပြီး ကတ်တစ်ခု ထုတ်ပေးလိုက်တယ်။ ဒီကတ်ကိုတော့ ငွေလုံးဝမပေးရပါ။
၇။ ဗုဒ္ဓဘာသာ စစ်အစိုးရတက်ခဲ့တဲ့ ၁၉၆၂ ကနေစပြီး နိုင်ငံအနှံ့မှာ ဗလီတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်ခဲ့တယ်။ မွတ်စလင်မ်ရပ်ကွက်တွေကို သီးသန့် Target ထားပြီး ကျူးကျော်တံဆိပ်နှိပ်ကာ ဗလီမရှိ၊ ဘာသာရေး
စာသင်ကျောင်း မရှိနေရာကို ပို့ပစ်တယ်။
၈။ မြို့သစ်တွေမှာ ယာယီဝတ်ပြုဆောင်တွေကို လာဘ်ငွေယူပြီး ဖွင့်ခွင့်ပြု
တယ်။ ဗလီတည်ဆောက်ခွင့်တွေကို တင်ထားရင် ၁၀ နှစ်ကြာသော်လည်း
ပြန်မကျပါ။
၉။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ အလှူခံသီချင်းတွေမှာ ဗုဒ္ဓဘာသာနဲ့ မြန်မာကို
တွဲပြီး ဗုဒ္ဓဘာသာ မြန်မာတို့တိုင်းပြည်ဆိုပြီး လော်နဲ့ အော်ခဲ့တယ်။ တကယ်က မြန်မာနဲ့ ဗမာဆိုတာက လူမျိုးနာမည်။ တိုင်းပြည်နာမည်။ လူမျိုးနာမည်ကို ဘာသာနာမည်နဲ့မတွဲရဘူးလို့ အသံကျယ်ကျယ်အော်ထားတယ်။ ဒါပေမယ့် အစိုးရကိုယ်တိုင် ဒါမျိုးကို ပေါ်လစီချပြီးတွဲတာကို အားပေးတယ်။
၁၀။ ၁၉၉၃ လောက်မှာ အမျိုးပျောက်မှာစိုးကြောက်စရာ စာအုပ်ကို ရွှေတိဂုံဘုရားစောင်းတန်းက ဆိုင်တွေမှာ စရောင်းတယ်။ လက်သိပ်ထိုး ရောင်းတယ်။ လက်သိပ်ထိုးဝယ်ကြတယ်။ (နောက်ပိုင်းမှာ ၀ီရသူ ကိုယ်တိုင်
ဖြန့်ခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ဖူးတယ်)
၁၁။ မြေမျို၍လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ် ဆိုပြီး လဝကရုံးတိုင်းရဲ့
နံရံတွေမှာ ဝေါရှိအရွယ် စာလုံးတွေနဲ့ရေးသားပြီး လူထုလှုံ့ဆော်ရေးတွေ လုပ်ခဲ့တယ်။
၁၂။ နိုင်ငံတကာအမြင်မှာ ဗန်းပြဖို့ မွတ်စလင်မ်တွေထဲက အငြိမ်းစား ရာထူးကြီးကြီး ရခဲ့သူတွေကို လက်ကိုင်ဒုတ်လုပ်ပြီး အစိုးရသစ္စာခံအဖြစ် အသုံးချခဲ့တယ်။
၁၃။ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးခုဆိုပြီး ဟိတ်ကြီးဟန်ကြီး တခမ်းတနား လုပ်ပေးထားပေမယ့် တကယ့် အရေးဆိုရင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိတာကို အဖွဲ့ကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့်မှသိရမယ်။
၁၄။ အစ္စလာမ် ဘာသာကို ဘယ်လောက်ထိ စစ်အေးတိုက်လာသလဲဆိုရင် မွတ်စလင်မ်များတဲ့ရပ်ကွက်မှာ လူနေအိမ်ဆောက်မယ်ဆိုရင် အိမ်ဆောက်ခွင့်ပါမစ်က တစ်နှစ်ကျော်နေလို့မကျဘူး။ ဗုဒ္ဓဘာသာ များတဲ့ရပ်ကွက်မှာ တစ်လကျော်ကျော်နဲ့ ပါမစ်ကျတယ်။
၁၅။ လူကြီးမင်းအားလုံးအသိ 2012 ကနေစပြီး ဒီနေ့တိုင် ကမ္ဘာ့မီဒီယာများ ရှေ့ရောက်သည်အထိ မွတ်စလင်မ်ကို ပေါ်တင်စော်ကားသတ်ဖြတ် အနိုင်ကျင့်
လာခဲ့တာ လူမြင်သူမြင်ဖြစ်လာပြီ။
၁၆။ ဒါတွေအားလုံးကို အစိုးရကိုယ်တိုင် မလုပ်ပါဘူး။ လက်ကိုင်ဒုတ်တွေမွေးပြီး လုပ်ခိုင်းခဲ့တာပါ။ မိတ္ထီလာမှာ ကလေးငယ်လေးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်မီးရှို့တော့ အစိုးရကိုယ်တိုင်မဟုတ်ပါဘူး။ လက်ကိုင်ဒုတ် အကြမ်းဖက်သမားတွေကို လုပ်ခိုင်းတာပါ။ ရဲကတောင် ပစ်မိန့်မရဘူး။ တားခွင့်မရှိဘူး။
၁၇။ ဗလီတွေကို မီးရှို့တဲ့အခါ မီးသတ်ကားတွေ ရောက်မလာပါဘူး။
အထက်က အမိန့်မရလို့ပါ။ အထက်က ဘယ်သူလဲ။
၁၈။ ပုဒ်မ ၁၈ အရ ဆန္ဒပြသူတွေဟာ မြို့နယ်မှူးဆီမှာ ခွင့်ပြုချက်တောင်းခံ
ရပါတယ်။ 15-11-2013 နေ့က ကမ္ဘာ့အစ္စလာမ်ကို ဗုဒ္ဓဘာသာ အာဏာပိုင
်ခွင့်ပြုချက်နဲ့ စော်ကားလိုက်ကြပြီ။
၁၉။ သမ္မတရဲ့ စကားတွေကို သစ်ပင်မှာချိတ်ထားလိုက်ရင် ပန်းဝတ်ရည်
်နဲ့မှားပြီး ပျားတွေတောင် လာစုပ်မှာ စိုးရိမ်ရတယ်။ သမ္မတရဲ့လူတွေ လုပ်ရပ်ကတော့ နာဇီတွေရဲ့လုပ်ရပ်ထက် ဆိုးဝါးနေတာ တွေ့ရတယ်။ ဗုဒ္ဓဘာသာအစိုးရက အစ္စလာမ်အပေါ်မှာ နှစ်ပေါင်း ရာစုဝက်မက တိုက်စစ်ဆင်လာတာကိုသိအောင် ရေးသားလိုက်ရပါတယ်။
ဒီနေ့ဖြစ်ပျက်နေတာတွေက အစ မဟုတ်ပါဘူး။ အဆုံးပါဆိုတာကို သိအောင်လို့ပါ။ မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များသိအောင် ပြောပြချင်တာက မွတ်စလင်မ်တွေဟာ
သားဖောက်သာသနာပြုခြင်း မရှိခဲ့ဘူး၊ နောက်လည်းရှိမှာ မဟုတ်သလိုအခုလည်း မရှိပါ။ ဘာသာမတူသူချင်း ချစ်ကြိုက်မိတာ တစ်ကဏ္ဍပါ။ ခုလဲ ကျနော့်
မိတ်ဆွေတွေထဲမှာ ရှိနေတုန်းပါ။ အမျိုးထဲမှာတောင်ရှိပါတယ်။ သူတို့မှာ သာသနာပြုလိုတဲ့ ရည်ရွယ်ချက်မပြောနဲ့၊ အစ္စလာမ်က ပြဌာန်းထားတဲ့ တစ်နေ့ ငါးကြိမ် ဝတ်ပြုမှုလေးကိုတောင်မလုပ်နိုင်တ
ဒါ့ကြောင့် အစ္စလာမ်က မြန်မာနိုင်ငံကိုသိမ်းပိုက်ဖို့
အစ္စလာမ့်တရားတွေကို လေ့လာကြည့်ပါ။ လိုက်နာကျင့်သုံးတဲ့ အစ္စလာမ်
ဘာသာဝင်တစ်ယောက်မှာ အပိုချိန်မရှိသလောက် ရှားတယ်။ သာသနာတစ်ခုဆိုတာ ပျောက်အောင်လုပ်လို့မရပါ။ မြန်မာနိုင်ငံမှာ ခုထက်ထိ နတ်ကိုးကွယ်သူတွေ ရှိနေသေးတာကို ကြည့်ပါ။ ဗုဒ္ဓဘာသာမှာနတ်ကိုးကွယ်ခြင်းမရှ
လူမျိုးမခြား ဘာသာမခြား ပြည်ထောင်စုဖွားအားလုံး ကိုယ်စိတ်နှလုံး သုံးပါးစလုံး ငြိမ်းချမ်းသာယာ ကြည်နူးစွာရှိပါစေ။
တစ်ခုလောက် ပြောပါရစေ ...တစ်ခုထဲပါ
=============================
ကျွန်တော်တစ်ခုလောက် ပြောပါရစေ... တစ်ခုထဲပါ ။
ကျွန်တော် အဲ့တစ်ခုအပြင် အခြား ပိုမပြောလိုပါဘူး ။
တစ်ခုထဲ ပြောချင်တာပါ ။
ကျွန်တော်ပြောချင်တဲ့ တစ်ခုက ဒီလိုဗျ ။
--------၀၀------------၀၀------ ---------၀၀-------------------
ဒီနေ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ လိုင်းကားတွေကအစ အမျိုးသမီးတွေကို ပြောင်းပြီး အလုပ်ခန့်လာကြတယ်ပေါ့ ။
ကုန်မာပစ္စည်းဆိုင်တွေမှာ အမျိုးသမီးဝန်ထမ်းတွေ စာရေးမအဖြစ် တာဝန်ထမ်းဆောင်တာကစလို့ စားသောက်ဆိုင်က စားပွဲထိုး ယောက်ျားလေးတွေ နေရာမှာလည်း အခုဆို မိန်းကလေးစားပွဲထိုးတွေကပဲ နေရာဝင်ယူလိုက်ပြီလေ ။
ဒီထက် မထသ လက်အောက်မှာရှိနေတဲ့ လိုင်းကားတစ်ချို့ဟာလည်း အမျိုးသားစပယ်ယာတွေအစား အမျိုးသမီးယာဉ်နောက်လိုက်တွေကို ခန့်အပ်ခွင့်ပြုပါဆိုပြီး တစ်စခန်းထလာကြလို့ အခုဆို လိုင်းကားပေါ်မှာတောင် သူတို့ သူတို့လေးတွေက စပယ်ယာမယ်တွေ ဖြစ်နေကြပြီပေါ့ ။
အမျိုးသမီးတွေရယ့် အလုပ်အကိုင် အခွင့်အလမ်းကို ဖော်ဆောင်ပေးတာတော့ ကောင်းတယ်ပေါ့ ။
အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်ကြတယ်ပေါ့ ။ အရင် သူများနိုင်ငံတွေမှာ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်နေကြရာက အခုဆို ကိုယ့်နိုင်ငံမှာကိုယ် စပယ်ယာမယ်လုပ်မလား ၊ စားပွဲထိုးသူမလုပ်မလား စားရေးမလုပ်မလား အရောင်းစာရေးမ လုပ်မလား ကြိုက်တာလုပ်လို့ရပြီ ။
ဒီလို လုပ်တော့ ကောင်းကျိုးတွေ ပေးလားဆိုတော့ ပေးသဗျား ဗျာ ပေးတာတောင်မှ ရိုးရိုးပေးတာ မဟုတ်ဘူး အကြီးကြီးကိုပေးတာ ။
တစ်ခြား မကြည့်နဲ့ ကိုယ့်မွတ်စလာင်မ်တွေထဲမှာပဲကြည့် ။
ညနေ ၀ါဖြေချိန်ဆို ဗလီအနားဝန်းကျင်မှာ မုန့်တွေ ရောင်းကြတယ်ပေါ့ ။
ဈေးသည်တွေကလည်း အများပြား မုန့်တွေကလည်း အစုံ ဆိုတော့ တစ်ချို့ စားသောက်ဖွယ်ရာ မုန့်တွေဆို ရောင်းသူတောင် ထပ်နေသေးတယ် ။
ဒီလို ထပ်တယ့်အချိန်မှာ အသက်အရွယ်ကလည်းကြီး.....အိုးမင်းနေတဲ့ မိန်းမကြီးတစ်ယောက်ရောင်းတဲ့ အသုပ်ဆိုင်နဲ့
လှလည်းလှ သဘောမနောကလည်းကောင်း လာဝယ်သမျှသူတွေအကုန်လုံးကို အပြုံးလေးနဲ့ကြို နေတဲ့ အပျိုလေးတစ်ယောက်ရောင်းတဲ့ အသုပ်ဆိုင် ဘယ်ဆိုင်ပိုရောင်းကောင်းမလဲ
ယောက်ျားက ယောက်ျားပဲလေ ။ အသုပ်လက်ရာကောင်းဖို့အသာထား ။
အသုပ်သည်မလေး ကိုယ့်အပေါ်ကောင်းဖို့လိုတယ် မဟုတ်ဘူးလား ဟရို့
ဆိုလိုချင်တာက အဲ့တာပဲ ။
ကုန်မာပစ္စည်းဆိုင်တွေမှာ ယောက်ျားလေးတစ်ယောက် အရောင်းစားရင်းခန့်ပြီးအလုပ်လုပ်တယ့်ဆိုင်နဲ့
လှလည်းလှ ချောလည်းချောတဲ့ အမျိုးသမီးတစ်ယောက်ကို အရောင်းစားရေးမ ခန့်ပြီး
အလုပ်လုပ်ခိုင်းတဲ့ ဆိုင်နဲ့ ဘယ်ဆိုင် ပိုအရောင်းသွက်မယ်ထင်လဲ ။
(အရောင်းသွက်မသွက်တော့မသိဘူး... .. မင်္ဂလာဈေးတို့ ဘုရင့်နောင်ဈေးတို့ စော်ဘွားကြီးကုန်းဝင်းတို့မှာတော့ ဆိုင်တိုင်း စာရေးမတွေဖြစ်ကုန်ကြပြီ )
ဒါ့ထက် အခုဆို လက်ဖက်ရ်ာဆိုင်တို့ စားသောက်ဆိုင်တို့မှာလည်း အမျိုးသမီးစားပွဲထိုးတွေပဲ ခန့်နေကြပြန်ပြီလေ ။
အမျိုးသမီးစားပွဲထိုးလေးတွေ ထားတော့ ကောင်းတာပေါ့ဗျ ။
ဆက်စံရေးချိုသာတယ် ။ စကားအပြောအဆို ယဉ်ကျေးတယ် ။
စားသုံးသူအပေါ်လည်း ကောင်းသလို ဆိုင်ရှင်အတွက်လည်း စိတ်ကျေနပ်စရာကောင်းစေတယ်လေ ။
ဟိုတစ်လောကဆို သတင်းစာထဲအထိ ပါတယ် ။ အမျိုးသမီးယာဉ်မယ် စပယ်ယာမအဖြစ် ခန့်အပ်ခဲ့တယ့် ယာဉ်ပိုင်ရှင်တွေ နေ့စဉ် ၀င်ငွေတိုးပြီး ခရီးသွားမိဘပြည်သူတွေလည်း စိတ်ချမ်းသာစရာ ရပါတယ်ဆိုပြီး အမျိုးသမီးယာဉ်မယ်တစ်ချို့နဲ့အတူ ဓာတ်ပုံရိုက်ပြီးပါ ဖော်ပြထားသေးတယ် ။
ခေတ်ရေစီးကြောင်းက အခုလို ပြောင်းလဲလာတော့ ။
ကျွန်တော်တို့ မွတ်စလာင်မ် စီးပွားရေးသမားတွေမှာလည်း စီးပွားေးလုပ်နည်း ချည်းကပ်ပုံတွေ ပြောင်းလဲလာတယ် ။
အခုဆို တစ်ချို့ မွတ်စ်လာင်မ်ပိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ စားပွဲထိုးယောက်ျားတွေအစား စားပွဲထိုးမတွေက နေရာ ပြောင်းယူလာကြတယ် ။
ကျွန်တော်တို့အတွက်တော့ အဆင်ပြေပါတယ်ခင်ဂျာ့ ။ ပြေပြီးရင်ကို ပြေတာပါခင်ဂျာ့:)
အမြန်လမ်းက ရွှေခရားကြီးတို့ ဘီးလင်းက ရွှေမျက်မှန် (နှင်းပုလဲ )တို့မှာပါ အမျိုးသမီးစားပွဲထိုးလေးတွေကို ခန့်ထားတာ ။ စိတ်ချမ်းသာစရာပါဗျား ။
ဒါပေမဲ့တစ်ခုပဲဗျ ။ ခန့်ထားတဲ့ လူတွေက ဘာသာခြားအမျိုးသမီးတွေချည်းပဲ ။
" အမောင်အရိုး..... ပလီပလာနဲ့ မသထီစရာတွေ ပြောနေတာ ဒီလိုအလုပ်မျိုး တို့ မွတ်စ်လာင်မ်အမျိုးသမီးတွေ ၀င်လုပ်စရာလား သေနာ " ရယ့် ဆိုပြီး အထင်တွေအမြင်တွေ မလွဲမှားလိုက်ကြပါနဲ့ဗျား ။
ကျွန်တော်ဆိုလိုချင်တာက အန္တရာယ်စက်ကွင်းထဲ ရောက်နေတယ်ဆိုတာကို အသိပေးစေချင်လို့ပါ ။ အခုလို ဘာသာခြားအမျိုးသမီးတွေကို ခန့်ထားတော့ နောက်ကွယ်က ကြိုးကိုင်သူက
" ဟဲ့ကောင်မ ညည်းတို့ ဆိုင်ပိုင်ရှင်က တစ်လ ဘယ်လောက်ပေးလဲ ၊ ရှစ်သောင်းထဲလား နည်းလိုက်တာအေ ဘာအလုပ်မှ မလုပ်ရဘဲ အသာထိုင်စားရမယ့်အလုပ်ရှိတယ် ညည်းတစ်ခုတည်း လုပ်ပေးရုံပဲ ငါတို့ ညည်းကို ရှစ်သောင်းမဟုတ်ဘူး သုံးသိန်းပေးမယ် ၊ လုပ်ရာမှာက တစ်ခုထဲ သမီးကို ဆိုင်ရှင်ကုလားကြီး အဓမ္မကျင့်ပါတယ်ဆိုပြီး အော်ရုံပဲ "
အရင်က အဓမ္မမှုဆိုတာ မှုခင်းဆရာဝန်တွေ ဘာတွေနဲ့ အရင် စစ်ပြီးမှ ဆေးစစ်ချက် အတည်ပြုမှ သတ်မှတ်လို့ရတာ ။ အခုကျ အထူးသဖြင့် ဘာသာခြားက ကျူးလွန်ပါတယ်ဟေ့ဆို ဆေးစစ်ချက်အသာထား အဲ့မြို့နယ် ပြာကျပြီမှတ် ။
ဘာသာခြားက မုဒိန်းကျင့်ပါတယ်ဆိုပြီး ရဲစခန်း တာဝန်ကျ ရဲက အတည်မပြုရသေးဘူး အင်တာနက်ပေါ် တင်လိုက်လို့ကတော့ တို့ မုဒိန်းဆရာတော် ၀ီရသူက သူ့ဖေစ့်ဘုတ်နဲ့ အတည်ပြုပေးလိမ့်မယ်
တစ်ချို့ဆိုင် စားပွဲထိုးမတွေကျ တမင်ရည်ရွယ်ချက်ရှိရှိ အကျပ်ကိုင်တယ် ။
ဆိုင်ရှင်က သူ့ကို ဖျက်စီးဖို့ ကြံစည်ပါတယ်ဆိုပြီး ငွေညှစ်တာလည်း ရှိတယ် ။
ဒါပေမဲ့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ပိုင်ရှင်တွေကတော့
ဆက်ပြီး အမျိုးသမီးစားဖွဲထိုး ခန့်နေတာပဲ...။
အခုဖြစ်သွားတယ့် မန္တလေးကို အတုယူပါ ။ ဒီလို ခန့်တယ်ဆိုရင်လည်း သတိဝိရိယ ရှိပါ ။ အလွန် အန္တရာယ်ကြီးပါတယ် ။ အစ တစ်ခုတွေ့ရင် ကုလားတွေ ဆော်ကားတယ် ကုလားတွေ လူပါးဝတယ် ကုလားတွေ တို့အမျိုးသမီးတွေကို ဆော်ကားတယ်ဆိုပြီး အစ ဆွဲထုတ်ချင်သူတွေက အဆင်သင့်ပါ
ဒါကြောင့် တတ်နိုင်ရင် စားပွဲထိုးအမျိုးသမီးတွေ မထားဘဲ စားပွဲထိုးအမျိုးသားတွေသာ ထားပါ ။ သူများ ယောင်တိုင်း လိုက်မယောင်ကြပါနဲ့
ပြောမယ့်ပြောတာ မဟုတ်ဘူးဗျ ။ ကျွန်တော်ဆို
" အကောင်းစားတို့ ရွှေကောင်းကြွယ်တို့ မဟာရန်ကုန်တို့ စိတ်တိုင်းကျတို့" မှာ ၀င်မထိုင်ရဲဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်က လက်ဖက်ရည်မကြိုက်တဲ့ကောင် အအေးနဲ့ မုန့်ပဲ သောက်စားတတ်တာ ။ မုန့်စားရင်တောင် မုန့်နှစ်မျိုးက လွဲပြီး ကျန်တာ မစားဘူး ။ ကျွန်တော်စားတဲ့ နှစ်မျိုးက "အာဟာရ နဲ့ ကြက်ဥကာချက်"
အာ့ပဲ စားတာလေ....။
တော်ကြာ ကိုယ်က အဲ့ဆိုင်တွေမှာ ထိုင်ပြီး ကြက်ဥကာချက်တစ်ပွဲပေးလို့ မှာလို့
ဟိုက စားပွဲထိုးမမက လာချပေး ။ ကျွန်တော်လည်း ကြက်ဥကာချက်ကို တစ်ဇွန်းစားရင်း ဆိုင်က စားပွဲထိုးမမတို့ရယ့် ခန္ဒာကိုယ်အနောက်ပိုင်းအလှကိုကြည့်မိမှ
ဒီကုလား စားပွဲထိုးမဖင်ကို ကြည့်ပြီး ကြက်ဥကာချက်စားတယ်
ဒါ ကြိုတင်ကြံစည်မှုဆိုပြီး......
ကျွန်ုပ်အား တရားစွဲကာမှ ဟုတ်ပေ့ဖြစ်အုံးမည်
yooyoolay love....https://www.facebook.com/akthal.akthalkhan?fref=ts...
=============================
ကျွန်တော်တစ်ခုလောက် ပြောပါရစေ... တစ်ခုထဲပါ ။
ကျွန်တော် အဲ့တစ်ခုအပြင် အခြား ပိုမပြောလိုပါဘူး ။
တစ်ခုထဲ ပြောချင်တာပါ ။
ကျွန်တော်ပြောချင်တဲ့ တစ်ခုက ဒီလိုဗျ ။
--------၀၀------------၀၀------
ဒီနေ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ လိုင်းကားတွေကအစ အမျိုးသမီးတွေကို ပြောင်းပြီး အလုပ်ခန့်လာကြတယ်ပေါ့ ။
ကုန်မာပစ္စည်းဆိုင်တွေမှာ အမျိုးသမီးဝန်ထမ်းတွေ စာရေးမအဖြစ် တာဝန်ထမ်းဆောင်တာကစလို့ စားသောက်ဆိုင်က စားပွဲထိုး ယောက်ျားလေးတွေ နေရာမှာလည်း အခုဆို မိန်းကလေးစားပွဲထိုးတွေကပဲ နေရာဝင်ယူလိုက်ပြီလေ ။
ဒီထက် မထသ လက်အောက်မှာရှိနေတဲ့ လိုင်းကားတစ်ချို့ဟာလည်း အမျိုးသားစပယ်ယာတွေအစား အမျိုးသမီးယာဉ်နောက်လိုက်တွေကို
အမျိုးသမီးတွေရယ့် အလုပ်အကိုင် အခွင့်အလမ်းကို ဖော်ဆောင်ပေးတာတော့ ကောင်းတယ်ပေါ့ ။
အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်ကြတယ်ပေါ့ ။ အရင် သူများနိုင်ငံတွေမှာ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်နေကြရာက အခုဆို ကိုယ့်နိုင်ငံမှာကိုယ် စပယ်ယာမယ်လုပ်မလား ၊ စားပွဲထိုးသူမလုပ်မလား စားရေးမလုပ်မလား အရောင်းစာရေးမ လုပ်မလား ကြိုက်တာလုပ်လို့ရပြီ ။
ဒီလို လုပ်တော့ ကောင်းကျိုးတွေ ပေးလားဆိုတော့ ပေးသဗျား ဗျာ ပေးတာတောင်မှ ရိုးရိုးပေးတာ မဟုတ်ဘူး အကြီးကြီးကိုပေးတာ ။
တစ်ခြား မကြည့်နဲ့ ကိုယ့်မွတ်စလာင်မ်တွေထဲမှာပဲကြည
ညနေ ၀ါဖြေချိန်ဆို ဗလီအနားဝန်းကျင်မှာ မုန့်တွေ ရောင်းကြတယ်ပေါ့ ။
ဈေးသည်တွေကလည်း အများပြား မုန့်တွေကလည်း အစုံ ဆိုတော့ တစ်ချို့ စားသောက်ဖွယ်ရာ မုန့်တွေဆို ရောင်းသူတောင် ထပ်နေသေးတယ် ။
ဒီလို ထပ်တယ့်အချိန်မှာ အသက်အရွယ်ကလည်းကြီး.....အိုးမင်
လှလည်းလှ သဘောမနောကလည်းကောင်း လာဝယ်သမျှသူတွေအကုန်လုံးကို အပြုံးလေးနဲ့ကြို နေတဲ့ အပျိုလေးတစ်ယောက်ရောင်းတဲ့ အသုပ်ဆိုင် ဘယ်ဆိုင်ပိုရောင်းကောင်းမလဲ
ယောက်ျားက ယောက်ျားပဲလေ ။ အသုပ်လက်ရာကောင်းဖို့အသာထား ။
အသုပ်သည်မလေး ကိုယ့်အပေါ်ကောင်းဖို့လိုတယ် မဟုတ်ဘူးလား ဟရို့
ဆိုလိုချင်တာက အဲ့တာပဲ ။
ကုန်မာပစ္စည်းဆိုင်တွေမှာ ယောက်ျားလေးတစ်ယောက် အရောင်းစားရင်းခန့်ပြီးအလုပ်လုပ
(အရောင်းသွက်မသွက်တော့မသိဘူး...
ဒါ့ထက် အခုဆို လက်ဖက်ရ်ာဆိုင်တို့ စားသောက်ဆိုင်တို့မှာလည်း အမျိုးသမီးစားပွဲထိုးတွေပဲ ခန့်နေကြပြန်ပြီလေ ။
အမျိုးသမီးစားပွဲထိုးလေးတွေ ထားတော့ ကောင်းတာပေါ့ဗျ ။
ဆက်စံရေးချိုသာတယ် ။ စကားအပြောအဆို ယဉ်ကျေးတယ် ။
စားသုံးသူအပေါ်လည်း ကောင်းသလို ဆိုင်ရှင်အတွက်လည်း စိတ်ကျေနပ်စရာကောင်းစေတယ်လေ ။
ဟိုတစ်လောကဆို သတင်းစာထဲအထိ ပါတယ် ။ အမျိုးသမီးယာဉ်မယ် စပယ်ယာမအဖြစ် ခန့်အပ်ခဲ့တယ့် ယာဉ်ပိုင်ရှင်တွေ နေ့စဉ် ၀င်ငွေတိုးပြီး ခရီးသွားမိဘပြည်သူတွေလည်း စိတ်ချမ်းသာစရာ ရပါတယ်ဆိုပြီး အမျိုးသမီးယာဉ်မယ်တစ်ချို့နဲ့အတ
ခေတ်ရေစီးကြောင်းက အခုလို ပြောင်းလဲလာတော့ ။
ကျွန်တော်တို့ မွတ်စလာင်မ် စီးပွားရေးသမားတွေမှာလည်း စီးပွားေးလုပ်နည်း ချည်းကပ်ပုံတွေ ပြောင်းလဲလာတယ် ။
အခုဆို တစ်ချို့ မွတ်စ်လာင်မ်ပိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ စားပွဲထိုးယောက်ျားတွေအစား စားပွဲထိုးမတွေက နေရာ ပြောင်းယူလာကြတယ် ။
ကျွန်တော်တို့အတွက်တော့ အဆင်ပြေပါတယ်ခင်ဂျာ့ ။ ပြေပြီးရင်ကို ပြေတာပါခင်ဂျာ့:)
အမြန်လမ်းက ရွှေခရားကြီးတို့ ဘီးလင်းက ရွှေမျက်မှန် (နှင်းပုလဲ )တို့မှာပါ အမျိုးသမီးစားပွဲထိုးလေးတွေကို ခန့်ထားတာ ။ စိတ်ချမ်းသာစရာပါဗျား ။
ဒါပေမဲ့တစ်ခုပဲဗျ ။ ခန့်ထားတဲ့ လူတွေက ဘာသာခြားအမျိုးသမီးတွေချည်းပဲ ။
" အမောင်အရိုး..... ပလီပလာနဲ့ မသထီစရာတွေ ပြောနေတာ ဒီလိုအလုပ်မျိုး တို့ မွတ်စ်လာင်မ်အမျိုးသမီးတွေ ၀င်လုပ်စရာလား သေနာ " ရယ့် ဆိုပြီး အထင်တွေအမြင်တွေ မလွဲမှားလိုက်ကြပါနဲ့ဗျား ။
ကျွန်တော်ဆိုလိုချင်တာက အန္တရာယ်စက်ကွင်းထဲ ရောက်နေတယ်ဆိုတာကို အသိပေးစေချင်လို့ပါ ။ အခုလို ဘာသာခြားအမျိုးသမီးတွေကို ခန့်ထားတော့ နောက်ကွယ်က ကြိုးကိုင်သူက
" ဟဲ့ကောင်မ ညည်းတို့ ဆိုင်ပိုင်ရှင်က တစ်လ ဘယ်လောက်ပေးလဲ ၊ ရှစ်သောင်းထဲလား နည်းလိုက်တာအေ ဘာအလုပ်မှ မလုပ်ရဘဲ အသာထိုင်စားရမယ့်အလုပ်ရှိတယ် ညည်းတစ်ခုတည်း လုပ်ပေးရုံပဲ ငါတို့ ညည်းကို ရှစ်သောင်းမဟုတ်ဘူး သုံးသိန်းပေးမယ် ၊ လုပ်ရာမှာက တစ်ခုထဲ သမီးကို ဆိုင်ရှင်ကုလားကြီး အဓမ္မကျင့်ပါတယ်ဆိုပြီး အော်ရုံပဲ "
အရင်က အဓမ္မမှုဆိုတာ မှုခင်းဆရာဝန်တွေ ဘာတွေနဲ့ အရင် စစ်ပြီးမှ ဆေးစစ်ချက် အတည်ပြုမှ သတ်မှတ်လို့ရတာ ။ အခုကျ အထူးသဖြင့် ဘာသာခြားက ကျူးလွန်ပါတယ်ဟေ့ဆို ဆေးစစ်ချက်အသာထား အဲ့မြို့နယ် ပြာကျပြီမှတ် ။
ဘာသာခြားက မုဒိန်းကျင့်ပါတယ်ဆိုပြီး ရဲစခန်း တာဝန်ကျ ရဲက အတည်မပြုရသေးဘူး အင်တာနက်ပေါ် တင်လိုက်လို့ကတော့ တို့ မုဒိန်းဆရာတော် ၀ီရသူက သူ့ဖေစ့်ဘုတ်နဲ့ အတည်ပြုပေးလိမ့်မယ်
တစ်ချို့ဆိုင် စားပွဲထိုးမတွေကျ တမင်ရည်ရွယ်ချက်ရှိရှိ အကျပ်ကိုင်တယ် ။
ဆိုင်ရှင်က သူ့ကို ဖျက်စီးဖို့ ကြံစည်ပါတယ်ဆိုပြီး ငွေညှစ်တာလည်း ရှိတယ် ။
ဒါပေမဲ့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ပိုင်ရှင်တွေကတော့
ဆက်ပြီး အမျိုးသမီးစားဖွဲထိုး ခန့်နေတာပဲ...။
အခုဖြစ်သွားတယ့် မန္တလေးကို အတုယူပါ ။ ဒီလို ခန့်တယ်ဆိုရင်လည်း သတိဝိရိယ ရှိပါ ။ အလွန် အန္တရာယ်ကြီးပါတယ် ။ အစ တစ်ခုတွေ့ရင် ကုလားတွေ ဆော်ကားတယ် ကုလားတွေ လူပါးဝတယ် ကုလားတွေ တို့အမျိုးသမီးတွေကို ဆော်ကားတယ်ဆိုပြီး အစ ဆွဲထုတ်ချင်သူတွေက အဆင်သင့်ပါ
ဒါကြောင့် တတ်နိုင်ရင် စားပွဲထိုးအမျိုးသမီးတွေ မထားဘဲ စားပွဲထိုးအမျိုးသားတွေသာ ထားပါ ။ သူများ ယောင်တိုင်း လိုက်မယောင်ကြပါနဲ့
ပြောမယ့်ပြောတာ မဟုတ်ဘူးဗျ ။ ကျွန်တော်ဆို
" အကောင်းစားတို့ ရွှေကောင်းကြွယ်တို့ မဟာရန်ကုန်တို့ စိတ်တိုင်းကျတို့" မှာ ၀င်မထိုင်ရဲဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်က လက်ဖက်ရည်မကြိုက်တဲ့ကောင် အအေးနဲ့ မုန့်ပဲ သောက်စားတတ်တာ ။ မုန့်စားရင်တောင် မုန့်နှစ်မျိုးက လွဲပြီး ကျန်တာ မစားဘူး ။ ကျွန်တော်စားတဲ့ နှစ်မျိုးက "အာဟာရ နဲ့ ကြက်ဥကာချက်"
အာ့ပဲ စားတာလေ....။
တော်ကြာ ကိုယ်က အဲ့ဆိုင်တွေမှာ ထိုင်ပြီး ကြက်ဥကာချက်တစ်ပွဲပေးလို့ မှာလို့
ဟိုက စားပွဲထိုးမမက လာချပေး ။ ကျွန်တော်လည်း ကြက်ဥကာချက်ကို တစ်ဇွန်းစားရင်း ဆိုင်က စားပွဲထိုးမမတို့ရယ့် ခန္ဒာကိုယ်အနောက်ပိုင်းအလှကိုကြည
ဒီကုလား စားပွဲထိုးမဖင်ကို ကြည့်ပြီး ကြက်ဥကာချက်စားတယ်
ဒါ ကြိုတင်ကြံစည်မှုဆိုပြီး......
ကျွန်ုပ်အား တရားစွဲကာမှ ဟုတ်ပေ့ဖြစ်အုံးမည်
yooyoolay love....https://www.facebook.com/akthal.akthalkhan?fref=ts...
(၁) မူးယစ်ဆေးရောင်းပေးဖို့ အခိုင်းခံရတဲ့သူက မရောင်းချင်လို့ ရပ်ကွက်ရုံးမှာ သွားအပ်တယ်။ အဲဒီလူကို ရဲက တရားခံအနေနဲ့ ဖမ်းတယ်။
(၂) ခရိုင်တရားသူကြီးက ရောင်းခိုင်းတဲ့သူဆီက သိန်း(၃၀၀) တောင်းတယ်။ သိန်း(၁၀၀) ပဲပေးတော့ ထောင်ချတယ်။ ရောင်းခိုင်းတဲ့အဓိကတရားခံက သိန်း(၁၀၀) မျက်နှာနဲ့ ထောင်(၁၂)နှစ်ကျပြီး ရပ်ကွက်ရုံးမှာ တာဝန်သိသိနဲ့ သတင်းသွားပေးတဲ့ မျက်နှာမွဲကောင်လေးကိုတော့ ထောင်(၁၆) နှစ်ချတယ်။
(၃) ကောင်လေးအမှုအတွက် ပြန်လွတ်လိုလွတ်ငြား ကြိုးစားရင်းနဲ့ တရားရုံးက ရုံးအုပ်တင်မောင်ဝင်းဆိုတဲ့ကောင်က မုဒိန်းကျင့်လိုက်လို့ ကောင်လေးရဲ့ညီမ ဗိုက်ကြီးသွားတယ်။
(၄) မုဒိန်းတရားခံကို ရုံးအုပ်ကို မန္တလေးက မုဒိမ်းဆရာတော်က အကာအကွယ် ပေးထားတယ်။ (အဲဒီလိုဖြစ်တဲ့အဆုံး ဦးတင်မောင်ဝင်းက ကြံရာမရဖြစ်ပြီး မဘသဆရာတော် ဦးဝီရသူကို လီဆည်ပြီး တိုင်ပါတယ်။ မဘသဆရာတော်တွေရဲ့ အကာအကွယ်ကို ယူထားပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောကြားသည်။)

ဘာ ရဲတပ်ဖွဲ့လဲ၊ ဘာလဲ တရားစီရင်ရေး၊ ဘာ ဘုန်းကြီးလဲ -
ကိုယ်လည်း ဘာကောင်မှ မဟုတ်တော့ သတင်းဖတ်ပြီး တက်တခေါက်ခေါက် ဖြစ်ရုံကလွဲလို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ လုပ်ပေးနိုင်တာကတော့ ရဲရော - တရားသူကြီးရော - မုဒိမ်းဆရာတော်ရော ဘောပဲ လို့ဆဲတော့မယ်။
((မိုးဇေငြိမ်း))

ရန်ကုန်။ ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ် နေ အသက် (၁၇)
နှစ်အရွယ် မိန်းကလေးတစ်ဦးအား မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ်
ဦးတင်မောင်ဝင်းမှ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊
အမှုဖွင့်တိုင်ကြားထားသော်လည်း အရေးယူနိုင်ခြင်း မရှိသေးသည့် အပေါ် အဆိုပါ
မိန်းကလေးနှင့် ၄င်း၏ မိခင်တို့မှ မြန်မာဂျာနယ်လစ်ကွန်ရက်တွင်
သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်မှာ မတရားပြုကျင့်ခံခဲ့ရသူ မိန်းကလေး၏ အစ်ကိုဖြစ်သူ၏ မူးယစ်ဆေး အမှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ၁၁ ပိုင်းခန့်က တရားရုံးအုပ် ဦးတင်မောင်ဝင်းနှင့် သိကျွမ်းခဲ့ကြောင်း၊ မတ်လ ၈ ရက် ၂၀၁၄ နေ့က သူမ၏အကို အမှုနှင့်ပတ်သက်၍ ဦးတင်မောင်ဝင်းက ပြင်ဦးလွင်မြို့ရှိ ၎င်း၏အရာရှိနှင့်တွေ့ဆုံရန် သွားမည်ဖြစ်၍ သူမအားခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားပြုကျင့် ခဲ့ကြောင်း မတရားပြုခံရသူ မိန်းကလေးမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
“နင့်အစ်ကို အမိန့်ချဖို့ မလိုတော့ဘူး လူကြီးနဲ့သွားတွေ့မယ်ဆိုပြီး ခေါ်သွားတယ်။ ကျွန်မကို ဆိုင်တစ်ဆိုင်မှာထားခဲ့ပြီးပြန်လာတော့ အအေးတိုက်တယ်။ အအေးသောက်ပြီး ခဏနေတော့ မူးလာတယ်။ နောက်ပြီး တည်းခိုခန်းကို ခေါ်သွားပြိး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အိပ်ယာကနိုးလာတော့ သူကပြောတယ်။ ဒီကိစ္စကိုဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ နင့်အစ်ကိုအမှုကို လျော့အောင် လုပ်ပေးမယ်ပြောတယ်” ဟု အဆိုပါ မိန်းကလေးက ပြောပါတယ်။
ူ မိန်းကလေးမှ တရားလိုလုပ်ကာ မတရား ပြုကျင့်ခံရကြောင်း ပြင်ဦးလွင်ရဲစခန်းတွင် တိုင်ကြား ထားသော်လည်း အဆိုပါ အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းကို ၉၆၉(မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူမှ ကာကွယ်မှုများပေးနေကြောင်းကို အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အိမ်မှာနေရတာလည်း လုံခြုံမှုမရှိဘဲ အိမ်ကို ဘုန်းကြီးတွေက အမှုပိတ်ပေးဖို့လာပြီခြိမ်းခြောက်နေကြပြီး ယင်းအမှုအား အလျော်အစား မလိုချင်ဘဲ တရားခံအား အမြန်ဆုံး ထောင်ချတာကိုပဲ လိုချင်နေမိပါတယ် လို့ မိန်းကလေး၏ မိခင်ဖြစ်သူက သူမ၏ ခံစားချက်များကို ပြောကြားခဲ့ပါတယ်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လူသားချင်းစာနာမှုဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေးဖြစ်သူ ကိုရန်နိုင်ထွေးက ဦးဝီရသူအား “တစ်ဖက်က ဦးတင်မောင်ဝင်းက တိုင်ကြားတဲ့ အသံကိုပဲ နားမထောင်နေပါနဲ့။ တစ်ဖက်က ကာယကံရှင် နစ်နာတယ်လို့ ပြောတဲ့ ကလေးမလေး မိသားစုကိုလည်း ဆရာတော်ကျောင်းကို ခေါ်တွေ့ပါ။ ခေါ်တွေ့ပြီး နှစ်ဖက် နားကို နားထောင်ပါ။ မှန်ရင် မှန်တဲ့ သူကို ၀ိုင်းကူပေးလိုက်ပါ။ မှားနေတဲ့သူကို ဆရာတော် ကိုယ်တိုင် ဆုံးမပြီး ရဲစခန်း လက်ထဲ အပ်လိုက်ပါ။ နှစ်ဖက်နားကို နားထောင်ပြီး ဆရာတော် ဆင်ခြင်တုံ တရားနဲ့ ဖြေရှင်းပါလို့ ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့ ဆရာတော်ဘုရားကို လျှောက်ခဲ့ပါတယ်။ ဆရာတော် ပြန်ပြောတဲ့ အဖြေကတော့ ၀မ်းနည်းဖို့ကောင်းပါတယ်။ ၃၇၆ မုဒိန်းမှုကို ပိတ်ပေးမှာ မဟုတ်ဘူးဆိုရင် ဖုန်းမဆက်နဲ့ လို့ ပြန်မိန့်ကြား လိုက်ပါတယ်”ဟု လျှောက်ထားချက်အား အထက်ပါ အတိုင်း ပြန်လည် မိန့်ကြားခဲ့ကြောင်း သိရပါတယ်။
ဦးဝီရသူက တင်မောင်ဝင်းကိုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဟုပြောဆိုခဲ့ပြီး ယင်းအမှုအား ပိတ်သိမ်းခိုင်းပြီး မပိတ်ပေးရင် နောင်တွင် သူ့ကို ဖုန်းမဆက်နဲ့ဟု ကိုရန်နိုင်ထွေးအား ထပ်ပြီး ပြောကြားခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်။ ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ် နေ အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦးအား မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ် ဦးတင်မောင်ဝင်းမှ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊ အမှုဖွင့်တိုင်ကြားထားသော်လည်း အရေးယူနိုင်ခြင်း မရှိသေးသည့် အပေါ် အဆိုပါ မိန်းကလေးနှင့် ၄င်း၏ မိခင်တို့မှ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်မှာ မတရားပြုကျင့်ခံခဲ့ရသူ မိန်းကလေး၏ အစ်ကိုဖြစ်သူ၏ မူးယစ်ဆေး အမှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ၁၁ ပိုင်းခန့်က တရားရုံးအုပ် ဦးတင်မောင်ဝင်းနှင့် သိကျွမ်းခဲ့ကြောင်း၊ မတ်လ ၈ ရက် ၂၀၁၄ နေ့က သူမ၏အကို အမှုနှင့်ပတ်သက်၍ ဦးတင်မောင်ဝင်းက ပြင်ဦးလွင်မြို့ရှိ ၎င်း၏အရာရှိနှင့်တွေ့ဆုံရန် သွားမည်ဖြစ်၍ သူမအားခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားပြုကျင့် ခဲ့ကြောင်း မတရားပြုခံရသူ မိန်းကလေးမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
“နင့်အစ်ကို အမိန့်ချဖို့ မလိုတော့ဘူး လူကြီးနဲ့သွားတွေ့မယ်ဆိုပြီး ခေါ်သွားတယ်။ ကျွန်မကို ဆိုင်တစ်ဆိုင်မှာထားခဲ့ပြီးပြန်လာတော့ အအေးတိုက်တယ်။ အအေးသောက်ပြီး ခဏနေတော့ မူးလာတယ်။ နောက်ပြီး တည်းခိုခန်းကို ခေါ်သွားပြိး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အိပ်ယာကနိုးလာတော့ သူကပြောတယ်။ ဒီကိစ္စကိုဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ နင့်အစ်ကိုအမှုကို လျော့အောင် လုပ်ပေးမယ်ပြောတယ်” ဟု အဆိုပါ မိန်းကလေးက ပြောပါတယ်။
ူ မိန်းကလေးမှ တရားလိုလုပ်ကာ မတရား ပြုကျင့်ခံရကြောင်း ပြင်ဦးလွင်ရဲစခန်းတွင် တိုင်ကြား ထားသော်လည်း အဆိုပါ အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းကို ၉၆၉(မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူမှ ကာကွယ်မှုများပေးနေကြောင်းကို အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အိမ်မှာနေရတာလည်း လုံခြုံမှုမရှိဘဲ အိမ်ကို ဘုန်းကြီးတွေက အမှုပိတ်ပေးဖို့လာပြီခြိမ်းခြောက်နေကြပြီး ယင်းအမှုအား အလျော်အစား မလိုချင်ဘဲ တရားခံအား အမြန်ဆုံး ထောင်ချတာကိုပဲ လိုချင်နေမိပါတယ် လို့ မိန်းကလေး၏ မိခင်ဖြစ်သူက သူမ၏ ခံစားချက်များကို ပြောကြားခဲ့ပါတယ်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လူသားချင်းစာနာမှုဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေးဖြစ်သူ ကိုရန်နိုင်ထွေးက ဦးဝီရသူအား “တစ်ဖက်က ဦးတင်မောင်ဝင်းက တိုင်ကြားတဲ့ အသံကိုပဲ နားမထောင်နေပါနဲ့။ တစ်ဖက်က ကာယကံရှင် နစ်နာတယ်လို့ ပြောတဲ့ ကလေးမလေး မိသားစုကိုလည်း ဆရာတော်ကျောင်းကို ခေါ်တွေ့ပါ။ ခေါ်တွေ့ပြီး နှစ်ဖက် နားကို နားထောင်ပါ။ မှန်ရင် မှန်တဲ့ သူကို ၀ိုင်းကူပေးလိုက်ပါ။ မှားနေတဲ့သူကို ဆရာတော် ကိုယ်တိုင် ဆုံးမပြီး ရဲစခန်း လက်ထဲ အပ်လိုက်ပါ။ နှစ်ဖက်နားကို နားထောင်ပြီး ဆရာတော် ဆင်ခြင်တုံ တရားနဲ့ ဖြေရှင်းပါလို့ ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့ ဆရာတော်ဘုရားကို လျှောက်ခဲ့ပါတယ်။ ဆရာတော် ပြန်ပြောတဲ့ အဖြေကတော့ ၀မ်းနည်းဖို့ကောင်းပါတယ်။ ၃၇၆ မုဒိန်းမှုကို ပိတ်ပေးမှာ မဟုတ်ဘူးဆိုရင် ဖုန်းမဆက်နဲ့ လို့ ပြန်မိန့်ကြား လိုက်ပါတယ်”ဟု လျှောက်ထားချက်အား အထက်ပါ အတိုင်း ပြန်လည် မိန့်ကြားခဲ့ကြောင်း သိရပါတယ်။
ဦးဝီရသူက တင်မောင်ဝင်းကိုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဟုပြောဆိုခဲ့ပြီး ယင်းအမှုအား ပိတ်သိမ်းခိုင်းပြီး မပိတ်ပေးရင် နောင်တွင် သူ့ကို ဖုန်းမဆက်နဲ့ဟု ကိုရန်နိုင်ထွေးအား ထပ်ပြီး ပြောကြားခဲ့ကြောင်း သိရပါတယ်။
တောင်ကုတ်လူသတ်မှု
ပြည်နယ်တရားလွှတ်တော်တွင် စစ်တော့မည်
KOLATT(PBDN): July . 4 .2014
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂၀၁၂ ခုနှစ်တုန်းက
အုပ်စုဖွဲ့သတ်ဖြတ်မှုနဲ့ပတ်
သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့ ကြားနာမယ်လို့ တရား
ခံရှေ့နေက ပြောပါတယ်။
::
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီး
သတ်ဖြတ်ခဲ့တဲ့ ဒီအမှုကို အခင်းဖြစ်ပြီး တနှစ်အကြာမှာ နေပြည်တော်ရဲတပ်ဖွဲ့က
တိုက်ရိုက်ဖမ်းဆီး ရုံးတင်တရားစွဲထားတာပါ။
ဒီနောက် သံတွဲခိုင်တရားရုံးမှာ ၁ နှစ်နီးပါးစစ်ဆေး ခဲ့ပြီးနောက် လူသတ်မှုနဲ့
စွဲချက်တင်ဖို့ မေလကုန် ပိုင်း က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့
တရားခံတွေ က ပြည်နယ် တရားလွှတ်တော်ကို အယူခံတက်တာလို့ တရားခံတွေရဲ့ရှေ့နေ
ဦးတင်အောင်က ခုလို ပြောပါတယ်။
::
“အဲဒီအမှုက သံတွဲတရားရုံးက စွဲချက်တင်လိုက်တာ။ ၃၀၂/၃၄ (ပုဒ်မ ၃၀၂ လူသတ်မှု၊
ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှု) အဲဒီပုဒ်မနဲ့
စွဲချက်တင်လိုက်တာ။ တရားခံဘက်က အဲဒီစွဲချက်အမိန့်ကို မကျေနပ်လို့
ပြည်နယ်တရားရုံးကို ဒီအမှု တက်သွားတာ ၁ လလောက်ရှိပြီ။ ”
ဒီအမှုကို ပြည်နယ်တရားလွှတ်တော်ကျရင် ဦးတင်အောင်ကိုယ်စား တရားလွတ်တော်ရှေ့နေ
ဒေါ်အေးနုစိန်က ဆက်လက်လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအမှုကို
တရားလွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့ ထွက်ဆိုမယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။
::
“ရခိုင်ပြည်နယ် လွှတ်တော်မှာပဲ ပြင်ဆင်မှု တင်သွင်းရတာပါ။ အဲဒါက
အပြီးသတ်လျှောက်လဲချက်။ ပြင်ဆင်မှု လျှောက်လဲချက်က ဇူလိုင် ၁၀ ရက်နေ့ကို
ချိန်းဆိုထားပါတယ်။ ကျမကတော့ မင်းသိုက်ထွန်းအပါ ၆ ယောက်အတွက်။ နောက်
အေးမင်းခေါ် အာဠာဝက တယောက်အတွက်တော့ သီးသန့် ရှေ့နေ ဦးကျော်ညွန့်မောင်ဆိုတာ
ရှိပါတယ်။”
တရားခံ ၇ ဦးအနက် ၆ ဦးအတွက် သူလိုက်ပါဆောင်ရွက်မှာဖြစ်ပြီး
တဦးအတွက်ကိုတော့ ရှေ့နေတဦးက လိုက်ပါမယ်လို့ ဆိုပါတယ်။
::
တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇
ရက်နေ့ညမှာ နေပြည်တော်ရဲက တိုက်ရိုက်ကွပ်ကဲဖမ်းဆီးခဲ့ပြီး တဦးကို နောက်မှ
ထပ်မံဖမ်းဆီးရမိခဲ့တာပါ။ သူတို့တတွေကို သံတွဲထောင်မှာ
ချုပ်နှောင်စစ်ဆေးပြီး တရားစွဲခဲ့တာပါ။
ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့
သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော်
ဒုက္ခသည်ဖြစ်နေကြသလို ကျန်တိုင်းနဲ့ ပြည်နယ်တချို့က မြို့နယ်တချို့ကိုပါ
ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။
BREAKING NEWS: (7/4/2014 - 5:03 PM)
မန္တလေးမှာ ဘာဖြစ်နေသလဲ
မန္တလေးက အေးရိပ်ငြိမ် သုဿန်မှာ ညနေ ၄နာရီခွဲကျော်ကစပြီး မီးလောင်နေတယ်လို့ မျက်မြင်တွေ့ရတဲ့ သတင်းထောက်တွေက ဆိုပါတယ်။ သုဿန်မီးမလောင်ခင်အစောပိုင်းတုန်းကတော့
ဇူလိုင် ၃ရက် မနက်မှာ ပဋိပက္ခတွေကြောင့် သေဆုံးခဲ့တဲ့ ကိုထွန်းထွန်းရဲ့
ဈာပနကို ကျင်းပခဲ့ပြီး လိုက်ပါပို့ဆောင်သူ ၁၅ဝဝကျော်ရှိတယ်လို့
ကမာရွတ်မီဒီယာသတင်းထောက်က ပြောပြပါတယ်။
အဲဒီ ဈာပနကို ဆိုင်ကယ်တွေနဲ့ ကျုံးတစ်ပတ်လိုက်ပို့ပြီး ၂၁ x ၈ဝ လမ်းထောင့်အရောက်မှာ ဗလီရှေ့မှာ ကြည့်နေတဲ့ လူ ၃ယောက်နောက်ကို လူအုပ်ကြီး ခဲတွေနဲ့ပစ်ပေါက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ခဲနဲ့ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အနီးအနားက မော်တော်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဂျွန်းဗလီထဲကို ဒီကနေ့မနက် လင်းအားကြီးချိန်မှာ ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး
ဘာသာရေး ခေါင်းဆောင်တစ်ယောက်အပါအဝင် လူ၅ယောက်ကို
ဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ မျက်မြင်သက်သေတွေက ဆိုပေမယ့်
မန္တလေးတိုင်းရဲကတော့ ဒီကိစ္စအပေါ် အတည်ပြုချက် မပေးသေးပါဘူး။
မန္တလေးမြို့ အေးရိပ်ငြိမ် မွတ်စလင် သုဿန် ဝင်းအတွင်းမှာရှိတဲ့ ဗလီ (ကြာနီကန် ကာဘရ်စတန် ဗလီ) အကြမ်းဖက် မီးရှို့ခံရကြောင်း သတင်းရရှိပါတယ်။ ပျက်ဆီးမှုကို စုံစမ်းနေတုံးဖြစ်ပါတယ်။
သုဿန်ဝင်းအတွင်ရှိ ဝန်ထမ်းအိမ်မှာလဲ မီးရှို့ခံရကြောင်းသိရပါတယ်။
M-Media ::
မန္တလေးမှာ ဘာဖြစ်နေသလဲ
မန္တလေးက အေးရိပ်ငြိမ် သုဿန်မှာ ညနေ ၄နာရီခွဲကျော်ကစပြီး မီးလောင်နေတယ်လို့ မျက်မြင်တွေ့ရတဲ့ သတင်းထောက်တွေက ဆိုပါတယ်။ သုဿန်မီးမလောင်ခင်အစောပိုင်းတုန
အဲဒီ ဈာပနကို ဆိုင်ကယ်တွေနဲ့ ကျုံးတစ်ပတ်လိုက်ပို့ပြီး ၂၁ x ၈ဝ လမ်းထောင့်အရောက်မှာ ဗလီရှေ့မှာ ကြည့်နေတဲ့ လူ ၃ယောက်နောက်ကို လူအုပ်ကြီး ခဲတွေနဲ့ပစ်ပေါက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ခဲနဲ့ပစ်ပေါက်တိုက်ခိုက်မှုကြောင
ဂျွန်းဗလီထဲကို ဒီကနေ့မနက် လင်းအားကြီးချိန်မှာ ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီ
မန္တလေးမြို့ အေးရိပ်ငြိမ် မွတ်စလင် သုဿန် ဝင်းအတွင်းမှာရှိတဲ့ ဗလီ (ကြာနီကန် ကာဘရ်စတန် ဗလီ) အကြမ်းဖက် မီးရှို့ခံရကြောင်း သတင်းရရှိပါတယ်။ ပျက်ဆီးမှုကို စုံစမ်းနေတုံးဖြစ်ပါတယ်။
သုဿန်ဝင်းအတွင်ရှိ ဝန်ထမ်းအိမ်မှာလဲ မီးရှို့ခံရကြောင်းသိရပါတယ်။
M-Media ::
နန်းရှေ့ ရွာသာရပ်မှ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှင့် အိမ်အချို့ ဖျက်ဆီးခံရ
======================
ဇူလိုင် ၄၊ ၂၀၁၄
M-Media
သုတ
မန္တလေးမြို့ နန်းရှေ့ ရွာသာရပ်ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား အကြမ်းဖက်သမားတစ်စုမှ ယနေ့ညနေ ၅း၁၅ နာရီခန့်က ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသဖြင့် စာသင်ကျောင်းဆောင် မှန်များကွဲသွားကြောင်း၊ အနီးဝန်းကျင်ရှိ အိမ် ၆-အိမ်ခန့်ကိုလည်း ခဲများဖြင့် ပစ်ပေါက်၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ဖျက်ဆီးမှု ပြုလုပ်သည့် လူအုပ်သည် လူ ၃၀၀ ခန့်ရှိပြီး ဆိုင်ကယ်များ၊ ကားများဖြင့် လာရောက်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်။
======================
ဇူလိုင် ၄၊ ၂၀၁၄
M-Media
သုတ
မန္တလေးမြို့ နန်းရှေ့ ရွာသာရပ်ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား အကြမ်းဖက်သမားတစ်စုမှ ယနေ့ညနေ ၅း၁၅ နာရီခန့်က ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသဖြင့် စာသင်ကျောင်းဆောင် မှန်များကွဲသွားကြောင်း၊ အနီးဝန်းကျင်ရှိ အိမ် ၆-အိမ်ခန့်ကိုလည်း ခဲများဖြင့် ပစ်ပေါက်၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ဖျက်ဆီးမှု ပြုလုပ်သည့် လူအုပ်သည် လူ ၃၀၀ ခန့်ရှိပြီး ဆိုင်ကယ်များ၊ ကားများဖြင့် လာရောက်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့လည်း
Subscribe to:
Posts (Atom)