အဆိုးတွေထဲက ကောင်းမွေတစ်ခု ======================== ဟိုးအရင်ကပေါ့ဗျား ။ သရာဝီဟ် ဖတ်တဲ့အချိန်ဆို ပထမတစ်ရက် ဒုတိယတစ်ရက်နဲ့ တတိယတစ်ရက်လောက်ပဲ ဗလီမှာ လူပြည့်တာရယ် ။ ကျန်တဲ့ရက်တွေများကျတော့ အိမ်ကနေတော့ မိသားစုကို သရာဝီဟ်သွားဖတ်မယ်ဆိုပြီး ပြောလာသတဲ့ ။ အဲ့..တကယ်တန်းကျတော့ သရီာဟ်ဖတ်ဖို့ ဗလီပေါ် မရောက်ဘဲ ဗလီနားက လက်ဖက်ရည်ဆိုင် ရောက်နေတာနဲ့ Net -Work ဂိမ်းဆိုင်တွေ ရောက်နေတာနဲ့ အင်တာနက်ဆိုင်တွေ ရောက်နေတာနဲ့ ။ 27ရက်နေ့လောက်ကျမှ ဗလီပေါ် သရာဝီဟ်ဖတ်ဖို့ ပြန်ရောက်လာကြတာရယ် ။ အခုလို ပြောလို့ ဟိုတွေးဒီတွေးနဲ့ ဟိုထင် ဒီထင် မထင်နဲ့အုံး အခုပြောနေတာ ကိုယ့်အကြောင်း ကိုယ်ပြောနေတာ အဲ့ ဒီနှစ် ရမဇာန်ကျတော့ စစချင်းမှာပဲ မြန်မာမွတ်စ်လာင်မ်တွေကြားမှာ ၀မ်းနည်းပူဆွေးစရာ စကြုံရတယ် ။ အားလုံး သိတော်မူကြတယ့်အတိုင်း မန်းလေးကိစ္စပေါ့ ။ ဘာမှ မန်းသူမန်းသားတွေအတွက် မလုပ်ပေးနိုင်တော့ အကြီးစားလက်နက် နဲ့ အကြီးစား အင်အားတွေဖြစ်တဲ့ ဒုအာနဲ့ အီမာန်ရယ့် အင်အားနဲ သူတို့အတွက် ကောင်းမှုလုပ်ရက်တိုင်းမှာပဲဖြစ
Monday, July 7, 2014
Yooyoolay Love
အဆိုးတွေထဲက ကောင်းမွေတစ်ခု ======================== ဟိုးအရင်ကပေါ့ဗျား ။ သရာဝီဟ် ဖတ်တဲ့အချိန်ဆို ပထမတစ်ရက် ဒုတိယတစ်ရက်နဲ့ တတိယတစ်ရက်လောက်ပဲ ဗလီမှာ လူပြည့်တာရယ် ။ ကျန်တဲ့ရက်တွေများကျတော့ အိမ်ကနေတော့ မိသားစုကို သရာဝီဟ်သွားဖတ်မယ်ဆိုပြီး ပြောလာသတဲ့ ။ အဲ့..တကယ်တန်းကျတော့ သရီာဟ်ဖတ်ဖို့ ဗလီပေါ် မရောက်ဘဲ ဗလီနားက လက်ဖက်ရည်ဆိုင် ရောက်နေတာနဲ့ Net -Work ဂိမ်းဆိုင်တွေ ရောက်နေတာနဲ့ အင်တာနက်ဆိုင်တွေ ရောက်နေတာနဲ့ ။ 27ရက်နေ့လောက်ကျမှ ဗလီပေါ် သရာဝီဟ်ဖတ်ဖို့ ပြန်ရောက်လာကြတာရယ် ။ အခုလို ပြောလို့ ဟိုတွေးဒီတွေးနဲ့ ဟိုထင် ဒီထင် မထင်နဲ့အုံး အခုပြောနေတာ ကိုယ့်အကြောင်း ကိုယ်ပြောနေတာ အဲ့ ဒီနှစ် ရမဇာန်ကျတော့ စစချင်းမှာပဲ မြန်မာမွတ်စ်လာင်မ်တွေကြားမှာ ၀မ်းနည်းပူဆွေးစရာ စကြုံရတယ် ။ အားလုံး သိတော်မူကြတယ့်အတိုင်း မန်းလေးကိစ္စပေါ့ ။ ဘာမှ မန်းသူမန်းသားတွေအတွက် မလုပ်ပေးနိုင်တော့ အကြီးစားလက်နက် နဲ့ အကြီးစား အင်အားတွေဖြစ်တဲ့ ဒုအာနဲ့ အီမာန်ရယ့် အင်အားနဲ သူတို့အတွက် ကောင်းမှုလုပ်ရက်တိုင်းမှာပဲဖြစ်ဖြစ်
ဒုအာမှာပဲဖြစ်ဖြစ် သတိတွေ ရပေးကြတာ အားရစရာဗျား ။ ဘယ်လောက်အထိ
အားရစရာကောင်းလဲဆို အခုထိ သရာဝီဟ်အချိန်ဆို လူမလျော့သေးဘူး အရင်က
သရာဝီဟ်အချိန်ဆို ဘောလုံးထွက်ကန်တတ်တဲ့ ကလေးတွေ (လူငယ်တွေဆို ပိုမှန်တယ် )
ကလည်း အခုဆို ဘောလုံးထွက်မကန်ဘူး ။ ဗလီထဲမှာလည်း
ဘောလုံးပွဲအကြောင်းမပြောဘူး သရာဝီဟ်ကို စွဲစွဲမြဲမြဲ ဖတ်တာ ပြောပါတယ် ။
ဒီလိုပဲ အရင်က သရာဝီဟ်အချိန်ဆို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဖုန်းနဲ့ ဟိုပွတ်
ဒီပွတ်လုပ်နေတဲ့ သူတွေ တစ်စုလည်း အခုဆို ဗလီပေါ်အထိ တက်မပွတ်တော့ဘူး
သရာဝီဟ်ဖတ်နေရလို့ ပွတ်ချိန်တောင်မရှိပါဘူးဗျား တကယ် မနေ့တုန်းကဆို
လူတစ်စုကတောင် ပြောသေးတယ် ရန်ကုန်ကသူတွေ အခုလို ဟေဒါရသ်ရဖို့ မန်းလေးက
လူတစ်စုက အနစ်နာခံပေးရတယ်တဲ့ ကျွန်တော်ကတော့ အဲ့လို မမြင်ဘူး ။ ရန်ကုန်ကော
မန်းလေးကော အပါအ၀င် မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ မွတ်စလာင်မ်အပေါင်းက "
ခေတ်ကာလ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို အမိအရခံနေရသော်လည်း
အရှင်မြတ်အား၎င်းအရှင်မြတ်၏ရစူလ်တမန်တော်အား၎င်း
အောက်မေ့တသခြင်းကို လျစ်လျူရှု့ စွန့်ပယ်ခြင်းမရှိခဲ့ပါ " ဆိုတာကို
လယ်ပြင်မှာ ဆင်သွားသလို ဗွင်းဗွင်းကြီး ပြလိုက်တာပါပဲ မည်သို့ပင်ဆိုစေကာမှု
အဆိုးများထဲက ကောင်းမွေတစ်ခု ပါလို့သာ ဆိုပေတော့မည် ။ ကျွန်တော်တို့
ရရှိထားတဲ့ အဆိုးထဲက ကောင်းမွေလေးကို စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့လည်း
မမေ့ကြနဲ့အုံး..... @ သရာဝီဟ်မဖတ်ဘဲ ရိုဇာဟ်ထားတဲ့ သူတွေကို အရမ်းမုန်းတာပဲ
မေမေ @ သရာဝီဟ်လည်းဖတ်တယ် ရိုဇာဟ်လည်း ထားတယ့်သူတွေကျ အာ...ဘွား စတာပါ
စတာပါ
အဆိုးတွေထဲက ကောင်းမွေတစ်ခု ======================== ဟိုးအရင်ကပေါ့ဗျား ။ သရာဝီဟ် ဖတ်တဲ့အချိန်ဆို ပထမတစ်ရက် ဒုတိယတစ်ရက်နဲ့ တတိယတစ်ရက်လောက်ပဲ ဗလီမှာ လူပြည့်တာရယ် ။ ကျန်တဲ့ရက်တွေများကျတော့ အိမ်ကနေတော့ မိသားစုကို သရာဝီဟ်သွားဖတ်မယ်ဆိုပြီး ပြောလာသတဲ့ ။ အဲ့..တကယ်တန်းကျတော့ သရီာဟ်ဖတ်ဖို့ ဗလီပေါ် မရောက်ဘဲ ဗလီနားက လက်ဖက်ရည်ဆိုင် ရောက်နေတာနဲ့ Net -Work ဂိမ်းဆိုင်တွေ ရောက်နေတာနဲ့ အင်တာနက်ဆိုင်တွေ ရောက်နေတာနဲ့ ။ 27ရက်နေ့လောက်ကျမှ ဗလီပေါ် သရာဝီဟ်ဖတ်ဖို့ ပြန်ရောက်လာကြတာရယ် ။ အခုလို ပြောလို့ ဟိုတွေးဒီတွေးနဲ့ ဟိုထင် ဒီထင် မထင်နဲ့အုံး အခုပြောနေတာ ကိုယ့်အကြောင်း ကိုယ်ပြောနေတာ အဲ့ ဒီနှစ် ရမဇာန်ကျတော့ စစချင်းမှာပဲ မြန်မာမွတ်စ်လာင်မ်တွေကြားမှာ ၀မ်းနည်းပူဆွေးစရာ စကြုံရတယ် ။ အားလုံး သိတော်မူကြတယ့်အတိုင်း မန်းလေးကိစ္စပေါ့ ။ ဘာမှ မန်းသူမန်းသားတွေအတွက် မလုပ်ပေးနိုင်တော့ အကြီးစားလက်နက် နဲ့ အကြီးစား အင်အားတွေဖြစ်တဲ့ ဒုအာနဲ့ အီမာန်ရယ့် အင်အားနဲ သူတို့အတွက် ကောင်းမှုလုပ်ရက်တိုင်းမှာပဲဖြစ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment