Friday, July 4, 2014

(၁) မူးယစ်ဆေးရောင်းပေးဖို့ အခိုင်းခံရတဲ့သူက မရောင်းချင်လို့ ရပ်ကွက်ရုံးမှာ သွားအပ်တယ်။ အဲဒီလူကို ရဲက တရားခံအနေနဲ့ ဖမ်းတယ်။
(၂) ခရိုင်တရားသူကြီးက ရောင်းခိုင်းတဲ့သူဆီက သိန်း(၃၀၀) တောင်းတယ်။ သိန်း(၁၀၀) ပဲပေးတော့ ထောင်ချတယ်။ ရောင်းခိုင်းတဲ့အဓိကတရားခံက သိန်း(၁၀၀) မျက်နှာနဲ့ ထောင်(၁၂)နှစ်ကျပြီး ရပ်ကွက်ရုံးမှာ တာဝန်သိသိနဲ့ သတင်းသွားပေးတဲ့ မျက်နှာမွဲကောင်လေးကိုတော့ ထောင်(၁၆) နှစ်ချတယ်။
(၃) ကောင်လေးအမှုအတွက် ပြန်လွတ်လိုလွတ်ငြား ကြိုးစားရင်းနဲ့ တရားရုံးက ရုံးအုပ်တင်မောင်ဝင်းဆိုတဲ့ကောင်က မုဒိန်းကျင့်လိုက်လို့ ကောင်လေးရဲ့ညီမ ဗိုက်ကြီးသွားတယ်။
(၄) မုဒိန်းတရားခံကို ရုံးအုပ်ကို မန္တလေးက မုဒိမ်းဆရာတော်က အကာအကွယ် ပေးထားတယ်။ (အဲဒီလိုဖြစ်တဲ့အဆုံး ဦးတင်မောင်ဝင်းက ကြံရာမရဖြစ်ပြီး မဘသဆရာတော် ဦးဝီရသူကို လီဆည်ပြီး တိုင်ပါတယ်။ မဘသဆရာတော်တွေရဲ့ အကာအကွယ်ကို ယူထားပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောကြားသည်။)

ဘာ ရဲတပ်ဖွဲ့လဲ၊ ဘာလဲ တရားစီရင်ရေး၊ ဘာ ဘုန်းကြီးလဲ -
ကိုယ်လည်း ဘာကောင်မှ မဟုတ်တော့ သတင်းဖတ်ပြီး တက်တခေါက်ခေါက် ဖြစ်ရုံကလွဲလို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ လုပ်ပေးနိုင်တာကတော့ ရဲရော - တရားသူကြီးရော - မုဒိမ်းဆရာတော်ရော ဘောပဲ လို့ဆဲတော့မယ်။
((မိုးဇေငြိမ်း))

No comments: