ရန်ကုန်။ ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ် နေ အသက် (၁၇)
နှစ်အရွယ် မိန်းကလေးတစ်ဦးအား မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ်
ဦးတင်မောင်ဝင်းမှ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊
အမှုဖွင့်တိုင်ကြားထားသော်လည်း အရေးယူနိုင်ခြင်း မရှိသေးသည့် အပေါ် အဆိုပါ
မိန်းကလေးနှင့် ၄င်း၏ မိခင်တို့မှ မြန်မာဂျာနယ်လစ်ကွန်ရက်တွင်
သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်မှာ မတရားပြုကျင့်ခံခဲ့ရသူ မိန်းကလေး၏ အစ်ကိုဖြစ်သူ၏
မူးယစ်ဆေး အမှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ၁၁ ပိုင်းခန့်က တရားရုံးအုပ်
ဦးတင်မောင်ဝင်းနှင့် သိကျွမ်းခဲ့ကြောင်း၊ မတ်လ ၈ ရက် ၂၀၁၄ နေ့က သူမ၏အကို
အမှုနှင့်ပတ်သက်၍ ဦးတင်မောင်ဝင်းက ပြင်ဦးလွင်မြို့ရှိ
၎င်း၏အရာရှိနှင့်တွေ့ဆုံရန် သွားမည်ဖြစ်၍ သူမအားခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ
သားမယားပြုကျင့် ခဲ့ကြောင်း မတရားပြုခံရသူ မိန်းကလေးမှ
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
“နင့်အစ်ကို အမိန့်ချဖို့ မလိုတော့ဘူး လူကြီးနဲ့သွားတွေ့မယ်ဆိုပြီး
ခေါ်သွားတယ်။ ကျွန်မကို ဆိုင်တစ်ဆိုင်မှာထားခဲ့ပြီးပြန်လာတော့ အအေးတိုက်တယ်။
အအေးသောက်ပြီး ခဏနေတော့ မူးလာတယ်။ နောက်ပြီး တည်းခိုခန်းကို ခေါ်သွားပြိး
အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အိပ်ယာကနိုးလာတော့ သူကပြောတယ်။
ဒီကိစ္စကိုဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ နင့်အစ်ကိုအမှုကို လျော့အောင်
လုပ်ပေးမယ်ပြောတယ်” ဟု အဆိုပါ မိန်းကလေးက ပြောပါတယ်။
ူ မိန်းကလေးမှ တရားလိုလုပ်ကာ မတရား ပြုကျင့်ခံရကြောင်း
ပြင်ဦးလွင်ရဲစခန်းတွင် တိုင်ကြား ထားသော်လည်း အဆိုပါ အမှုဖွင့်ခံရသူ
ဦးတင်မောင်ဝင်းကို ၉၆၉(မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူမှ
ကာကွယ်မှုများပေးနေကြောင်းကို အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ
ပြောကြားပါတယ်။
အိမ်မှာနေရတာလည်း လုံခြုံမှုမရှိဘဲ အိမ်ကို ဘုန်းကြီးတွေက
အမှုပိတ်ပေးဖို့လာပြီခြိမ်းခြောက်နေကြပြီး ယင်းအမှုအား အလျော်အစား
မလိုချင်ဘဲ တရားခံအား အမြန်ဆုံး ထောင်ချတာကိုပဲ လိုချင်နေမိပါတယ် လို့
မိန်းကလေး၏ မိခင်ဖြစ်သူက သူမ၏ ခံစားချက်များကို ပြောကြားခဲ့ပါတယ်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လူသားချင်းစာနာမှုဖြင့် လိုက်လံကူညီ
ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်
ဗဟိုအကြံပေးဖြစ်သူ ကိုရန်နိုင်ထွေးက ဦးဝီရသူအား “တစ်ဖက်က
ဦးတင်မောင်ဝင်းက တိုင်ကြားတဲ့ အသံကိုပဲ နားမထောင်နေပါနဲ့။ တစ်ဖက်က
ကာယကံရှင် နစ်နာတယ်လို့ ပြောတဲ့ ကလေးမလေး မိသားစုကိုလည်း ဆရာတော်ကျောင်းကို
ခေါ်တွေ့ပါ။ ခေါ်တွေ့ပြီး နှစ်ဖက် နားကို နားထောင်ပါ။ မှန်ရင် မှန်တဲ့ သူကို
ဝိုင်းကူပေးလိုက်ပါ။ မှားနေတဲ့သူကို ဆရာတော် ကိုယ်တိုင် ဆုံးမပြီး ရဲစခန်း
လက်ထဲ အပ်လိုက်ပါ။ နှစ်ဖက်နားကို နားထောင်ပြီး ဆရာတော် ဆင်ခြင်တုံ တရားနဲ့
ဖြေရှင်းပါလို့ ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့ ဆရာတော်ဘုရားကို
လျှောက်ခဲ့ပါတယ်။ ဆရာတော် ပြန်ပြောတဲ့ အဖြေကတော့ ၀မ်းနည်းဖို့ကောင်းပါတယ်။
၃၇၆ မုဒိန်းမှုကို ပိတ်ပေးမှာ မဟုတ်ဘူးဆိုရင် ဖုန်းမဆက်နဲ့ လို့
ပြန်မိန့်ကြား လိုက်ပါတယ်”ဟု လျှောက်ထားချက်အား အထက်ပါ အတိုင်း ပြန်လည်
မိန့်ကြားခဲ့ကြောင်း သိရပါတယ်။
ဦးဝီရသူက တင်မောင်ဝင်းကိုစောင့်ရှောက်ရမယ့်
တာဝန်ရှိတယ်ဟုပြောဆိုခဲ့ပြီး ယင်းအမှုအား ပိတ်သိမ်းခိုင်းပြီး မပိတ်ပေးရင်
နောင်တွင် သူ့ကို ဖုန်းမဆက်နဲ့ဟု ကိုရန်နိုင်ထွေးအား ထပ်ပြီး
ပြောကြားခဲ့ကြောင်း သိရပါတယ်။
No comments:
Post a Comment