Friday, July 4, 2014

အစိုးရက အစ္စလာမ်တွေကို ဘာသာရေးစစ်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ´
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

Bro Mohammed Bilarl Rangooni ရဲ့ Research လုပ်ထားတဲ့
အချက်အလက်‌တွေပါ။ ဗုဒ္ဓဘာသာဝင် မိတ်ဆွေတွေအပါဝင် အားလုံးလည်း သိသင့်တယ်လို့ ယူဆပါတယ်။ ဒါမှလည်း ခေတ်စနစ်ဆိုး အာဏာရှင်ဆိုးတွေရဲ့ အတွင်း Plan တွေနဲ့ ဘာသာရေး လူမျိုးရေး ခုတုံးလုပ်ပြီး ‌သွေးခွဲလာခဲ့တဲ့ ‌အကျင့်ဆိုး ‌စနစ်‌ဆိုး‌တွေကို ပီပီပြင်ပြင်‌ သိနိုင်‌မှာပါ ..။

မန်မာနိုင်ငံမှာ ဖြစ်နေတာဟာ ဘာသာရေး အကြမ်းဖက်မှုပါ။
ဗုဒ္ဓဘာသာဝင်‌ အစိုးရက အစ္စလာမ်ဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ ဘာသာရေးအကြမ်းဖက်မှု။ နှစ်ဖက်ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူး။ တစ်ဖက်သတ် အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။
(ဒီနေရာမှာ နားလည်ရမှာက ဗုဒ္ဓဘာသာဝင် လူများစုက လုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကြောက်တယ် မပြောရဲဘူး။ သူတို့မှာလည်း စာနာစိတ်၊ နားလည်စိတ်တွေရှိတယ်။ ဒါတွေကို ပေါ်တင်မပြရဲကြဘူး။ ကျနော့်မိတ်ဆွေထဲမှာ အစိုးရအမှုထမ်း အရာထမ်းတွေရှိတယ်။ ဘုန်းကြီးအစစ်တွေလည်း ရှိတယ်။ သူတို့ဘက်က ဖုန်းဆက်ပြီး စိတ်မကောင်းကြောင်း၊ ဝမ်းနည်းကြောင်းတွေ ပြောကြတယ်။)

အစ္စလာမ်တွေကို ဘာသာရေးစစ်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ ...?

၁။ အုပ်ချုပ်ရေးပိုင်းမှာ အစ္စလာမ်တွေ မထားပါ။ အာဏာပိုင်ထဲမှာ အစ္စလာမ် မရှိပါ။ (အစ္စလာမ့်ညီလာခံ OIC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင် ဝန်ကြီးရှိပါတယ်။ ခု မြန်မာနိုင်ငံရဲ့ ဘင်္ဂလားသံအမတ်က ဗုဒ္ဓဘာသာဝင်ပါ။)

၂။ ကက်ဘိနက်မှာ အစ္စလာမ်ဘာသာဝင် မပါပါ။ မလေးရှား ကက်ဘိနက်မှာ ဘာသာစုံပါဝင်တယ်။ (မဟာသီယာက ဦးသန်းရွှေကို
ပြောဖူးတယ်။ ဦးသန်းရွှေ နားမဝင်ပါ။)

၃။ လူဦးရေ အချိုးအစားအရ လွှတ်တော်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်
အရေအတွက်ဟာ အင်မတန်နည်းလွန်းပါတယ်။ (စင်ကာပူလွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အစ္စလာမ်အမျိုးသမီးပါ။ စင်ကာပူ အစ္စလာမ်မစ်နိုင်ငံ မဖြစ်သွားပါ။)

၎။ အစ္စလာမ်ဘာသာဝင်တွေကို ရာထူး မတက်ပေးပါ။ အစ္စလာမ်တွေအတွက် သတ်မှတ်ထားတဲ့ရာထူးတစ်ခု အထိ တက်ပေးပါတယ်။ အဲဒီရာထူးရောက်ရင် STOP ပဲ။ (ထေရဝါဒ ထိုင်းနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်က မွတ်စလင်မ်ပါ။)

၅။ ရခိုင်မှာ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားသား ကဲ့သို့ ဆက်ဆံခြင်း။ ပုံစံ ၄ ဖြင့်‌ ခရီးသွားစေခြင်း။

၆။ မှတ်ပုံတင်လုပ်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို အထက်ညွှန်ကြားချက် အရဟုဆိုပြီး သွေးနှော သံသယ။နိုင်ငံသားသံသယ လက်မှတ်တွေ
ထုတ်ပေးတယ်။ ဒါတွေကိုတောင်ငွေသိန်းချီပေးမှ ထုတ်ပေးတယ်။ မဲလိုချင်တဲ့အခါမှာ အသုံးချဖို့ ယာယီကတ်ဆိုပြီး ကတ်တစ်ခု ထုတ်ပေးလိုက်တယ်။ ဒီကတ်ကိုတော့ ငွေလုံးဝမပေးရပါ။

၇။ ဗုဒ္ဓဘာသာ စစ်အစိုးရတက်ခဲ့တဲ့ ၁၉၆၂ ကနေစပြီး နိုင်ငံအနှံ့မှာ ဗလီတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်ခဲ့တယ်။ မွတ်စလင်မ်ရပ်ကွက်တွေကို သီးသန့် Target ထားပြီး ကျူးကျော်‌တံဆိပ်နှိပ်ကာ ဗလီမရှိ၊ ဘာသာရေး
စာသင်ကျောင်း မရှိနေရာကို ပို့ပစ်တယ်။

၈။ မြို့သစ်တွေမှာ ယာယီဝတ်ပြုဆောင်တွေကို လာဘ်ငွေယူပြီး ဖွင့်ခွင့်ပြု
တယ်။ ဗလီတည်ဆောက်ခွင့်တွေကို တင်ထားရင် ၁၀ နှစ်ကြာသော်လည်း
ပြန်မကျပါ။

၉။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ အလှူခံသီချင်းတွေမှာ ဗုဒ္ဓဘာသာနဲ့ မြန်မာကို
တွဲပြီး ဗုဒ္ဓဘာသာ မြန်မာတို့တိုင်းပြည်ဆိုပြီး လော်နဲ့ အော်ခဲ့တယ်။ တကယ်က မြန်မာနဲ့ ဗမာဆိုတာက လူမျိုးနာမည်။ တိုင်းပြည်နာမည်။ လူမျိုးနာမည်ကို ဘာသာနာမည်နဲ့မတွဲရဘူးလို့ အသံကျယ်ကျယ်အော်ထားတယ်။ ဒါပေမယ့် အစိုးရကိုယ်တိုင် ဒါမျိုးကို ပေါ်လစီချပြီးတွဲတာကို အားပေးတယ်။

၁၀။ ၁၉၉၃ လောက်မှာ အမျိုးပျောက်မှာစိုးကြောက်စရာ စာအုပ်ကို ရွှေတိဂုံဘုရားစောင်းတန်းက ဆိုင်တွေမှာ စရောင်းတယ်။ လက်သိပ်ထိုး ရောင်းတယ်။ လက်သိပ်ထိုးဝယ်ကြတယ်။ (‌နောက်‌ပိုင်းမှာ ၀ီရသူ ကိုယ်‌တိုင်‌
ဖြန့်‌ခဲ့‌ကြောင်း ၀န်‌ခံ‌ပြောကြားခဲ့ဖူးတယ်‌)

၁၁။ မြေမျို၍လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ် ဆိုပြီး လဝကရုံးတိုင်းရဲ့
နံရံတွေမှာ ဝေါရှိအရွယ် စာလုံးတွေနဲ့ရေးသားပြီး လူထုလှုံ့ဆော်ရေးတွေ လုပ်ခဲ့တယ်။

၁၂။ နိုင်ငံတကာအမြင်မှာ ဗန်းပြဖို့ မွတ်စလင်မ်တွေထဲက အငြိမ်းစား ရာထူးကြီးကြီး ရခဲ့သူတွေကို လက်ကိုင်ဒုတ်လုပ်ပြီး အစိုးရသစ္စာခံအဖြစ် အသုံးချခဲ့တယ်။

၁၃။ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးခုဆိုပြီး ဟိတ်ကြီးဟန်ကြီး တခမ်းတနား လုပ်ပေးထားပေမယ့် တကယ့် အရေးဆိုရင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိတာကို အဖွဲ့ကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့်မှသိရမယ်။

၁၄။ အစ္စလာမ် ဘာသာကို ဘယ်လောက်ထိ စစ်အေးတိုက်လာသလဲဆိုရင် မွတ်စလင်မ်များတဲ့ရပ်ကွက်မှာ လူနေအိမ်ဆောက်မယ်ဆိုရင် အိမ်ဆောက်ခွင့်ပါမစ်က တစ်နှစ်ကျော်နေလို့မကျဘူး။ ဗုဒ္ဓဘာသာ များတဲ့ရပ်ကွက်မှာ တစ်လကျော်ကျော်နဲ့ ပါမစ်ကျတယ်။

၁၅။ လူကြီးမင်းအားလုံးအသိ 2012 ကနေစပြီး ဒီနေ့တိုင် ကမ္ဘာ့မီဒီယာများ ရှေ့ရောက်သည်အထိ မွတ်စလင်မ်ကို ပေါ်တင်စော်ကားသတ်ဖြတ် အနိုင်ကျင့်
လာခဲ့တာ လူမြင်သူမြင်ဖြစ်လာပြီ။

၁၆။ ဒါတွေအားလုံးကို အစိုးရကိုယ်တိုင် မလုပ်ပါဘူး။ လက်ကိုင်ဒုတ်တွေမွေးပြီး လုပ်ခိုင်းခဲ့တာပါ။ မိတ္ထီလာမှာ ကလေးငယ်လေးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်မီးရှို့တော့ အစိုးရကိုယ်တိုင်မဟုတ်ပါဘူး။ လက်ကိုင်ဒုတ် အကြမ်းဖက်သမားတွေကို လုပ်ခိုင်းတာပါ။ ရဲကတောင် ပစ်မိန့်မရဘူး။ တားခွင့်မရှိဘူး။

၁၇။ ဗလီတွေကို မီးရှို့တဲ့အခါ မီးသတ်ကားတွေ ရောက်မလာပါဘူး။
အထက်က အမိန့်မရလို့ပါ။ အထက်က ဘယ်သူလဲ။

၁၈။ ပုဒ်မ ၁၈ အရ ဆန္ဒပြသူတွေဟာ မြို့နယ်မှူးဆီမှာ ခွင့်ပြုချက်တောင်းခံ
ရပါတယ်။ 15-11-2013 နေ့က ကမ္ဘာ့အစ္စလာမ်ကို ဗုဒ္ဓဘာသာ အာဏာပိုင
်ခွင့်ပြုချက်နဲ့ ‌စော်ကားလိုက်ကြပြီ။

၁၉။ သမ္မတရဲ့ စကားတွေကို သစ်ပင်မှာချိတ်ထားလိုက်ရင် ပန်းဝတ်ရည်
်နဲ့မှားပြီး ပျားတွေတောင် လာစုပ်မှာ စိုးရိမ်ရတယ်။ သမ္မတရဲ့လူတွေ လုပ်ရပ်ကတော့ နာဇီတွေရဲ့လုပ်ရပ်ထက် ဆိုးဝါးနေတာ တွေ့ရတယ်။ ဗုဒ္ဓဘာသာအစိုးရက အစ္စလာမ်အပေါ်မှာ နှစ်ပေါင်း ရာစုဝက်မက တိုက်စစ်ဆင်လာတာကိုသိအောင်‌ ရေးသားလိုက်ရပါတယ်။

ဒီနေ့ဖြစ်ပျက်နေတာတွေက အစ မဟုတ်ပါဘူး။ အဆုံးပါဆိုတာကို သိအောင်လို့ပါ။ မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များသိအောင် ပြောပြချင်တာက မွတ်စလင်မ်တွေဟာ
သားဖောက်သာသနာပြုခြင်း မရှိခဲ့ဘူး၊ နောက်လည်းရှိမှာ မဟုတ်သလိုအခုလည်း မရှိပါ။ ဘာသာမတူသူချင်း ချစ်ကြိုက်မိတာ တစ်ကဏ္ဍပါ။ ခုလဲ ကျနော့်
မိတ်ဆွေတွေထဲမှာ ရှိနေတုန်းပါ။ အမျိုးထဲမှာတောင်ရှိပါတယ်။ သူတို့မှာ သာသနာပြုလိုတဲ့ ရည်ရွယ်ချက်မပြောနဲ့၊ အစ္စလာမ်က ပြဌာန်းထားတဲ့ တစ်နေ့ ငါးကြိမ် ဝတ်ပြုမှုလေးကိုတောင်မလုပ်နိုင်တဲ့လူတွေပါ။ ဘယ်လိုသာသနာပြုမလဲ။

ဒါ့ကြောင့် အစ္စလာမ်က မြန်မာနိုင်ငံကိုသိမ်းပိုက်ဖို့မရှိဘူး။ ဗုဒ္ဓဘာသာကို ပျောက်ကွယ်သွားအောင် လုပ်ဖို့မရှိဘူး။ ရှင်းရှင်းပြောရင် စိတ်မဝင်စားဘူး။
အစ္စလာမ့်တရားတွေကို လေ့လာကြည့်ပါ။ လိုက်နာကျင့်သုံးတဲ့ အစ္စလာမ်
ဘာသာဝင်တစ်ယောက်မှာ အပိုချိန်မရှိသလောက် ရှားတယ်။ သာသနာတစ်ခုဆိုတာ ပျောက်အောင်လုပ်လို့မရပါ။ မြန်မာနိုင်ငံမှာ ခုထက်ထိ နတ်ကိုးကွယ်သူတွေ ရှိနေသေးတာကို ကြည့်ပါ။ ဗုဒ္ဓဘာသာမှာနတ်ကိုးကွယ်ခြင်းမရှိပါ။ ဒါပေမယ့် ဗုဒ္ဓထွန်းကားတဲ့ တိုင်းပြည်မှာ နတ်ကိုးကွယ်သူတွေ ဒုနဲ့ဒေးပါ။ ဒီလိုပဲ အာရပ်ကမ္ဘာမှာ..မွတ်စလင်မ်တွေချည်းပဲလို့ ထင်ရင်မှားသွားမယ်။ အာရပ် ခရစ်ယာန်တွေ အများကြီးပါ။ စာလဲရှည်သွားပြီ .. အမှားပါရင်ခွင့်လွှတ်ပါ။

လူမျိုးမခြား ဘာသာမခြား ပြည်ထောင်စုဖွားအားလုံး ကိုယ်စိတ်နှလုံး သုံးပါးစလုံး ငြိမ်းချမ်းသာယာ ကြည်နူးစွာရှိပါစေ။

No comments: