=============================
ကျွန်တော်တစ်ခုလောက် ပြောပါရစေ... တစ်ခုထဲပါ ။
ကျွန်တော် အဲ့တစ်ခုအပြင် အခြား ပိုမပြောလိုပါဘူး ။
တစ်ခုထဲ ပြောချင်တာပါ ။
ကျွန်တော်ပြောချင်တဲ့ တစ်ခုက ဒီလိုဗျ ။
--------၀၀------------၀၀------
ဒီနေ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ လိုင်းကားတွေကအစ အမျိုးသမီးတွေကို ပြောင်းပြီး အလုပ်ခန့်လာကြတယ်ပေါ့ ။
ကုန်မာပစ္စည်းဆိုင်တွေမှာ အမျိုးသမီးဝန်ထမ်းတွေ စာရေးမအဖြစ် တာဝန်ထမ်းဆောင်တာကစလို့ စားသောက်ဆိုင်က စားပွဲထိုး ယောက်ျားလေးတွေ နေရာမှာလည်း အခုဆို မိန်းကလေးစားပွဲထိုးတွေကပဲ နေရာဝင်ယူလိုက်ပြီလေ ။
ဒီထက် မထသ လက်အောက်မှာရှိနေတဲ့ လိုင်းကားတစ်ချို့ဟာလည်း အမျိုးသားစပယ်ယာတွေအစား အမျိုးသမီးယာဉ်နောက်လိုက်တွေကို
အမျိုးသမီးတွေရယ့် အလုပ်အကိုင် အခွင့်အလမ်းကို ဖော်ဆောင်ပေးတာတော့ ကောင်းတယ်ပေါ့ ။
အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်ကြတယ်ပေါ့ ။ အရင် သူများနိုင်ငံတွေမှာ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်နေကြရာက အခုဆို ကိုယ့်နိုင်ငံမှာကိုယ် စပယ်ယာမယ်လုပ်မလား ၊ စားပွဲထိုးသူမလုပ်မလား စားရေးမလုပ်မလား အရောင်းစာရေးမ လုပ်မလား ကြိုက်တာလုပ်လို့ရပြီ ။
ဒီလို လုပ်တော့ ကောင်းကျိုးတွေ ပေးလားဆိုတော့ ပေးသဗျား ဗျာ ပေးတာတောင်မှ ရိုးရိုးပေးတာ မဟုတ်ဘူး အကြီးကြီးကိုပေးတာ ။
တစ်ခြား မကြည့်နဲ့ ကိုယ့်မွတ်စလာင်မ်တွေထဲမှာပဲကြည
ညနေ ၀ါဖြေချိန်ဆို ဗလီအနားဝန်းကျင်မှာ မုန့်တွေ ရောင်းကြတယ်ပေါ့ ။
ဈေးသည်တွေကလည်း အများပြား မုန့်တွေကလည်း အစုံ ဆိုတော့ တစ်ချို့ စားသောက်ဖွယ်ရာ မုန့်တွေဆို ရောင်းသူတောင် ထပ်နေသေးတယ် ။
ဒီလို ထပ်တယ့်အချိန်မှာ အသက်အရွယ်ကလည်းကြီး.....အိုးမင်
လှလည်းလှ သဘောမနောကလည်းကောင်း လာဝယ်သမျှသူတွေအကုန်လုံးကို အပြုံးလေးနဲ့ကြို နေတဲ့ အပျိုလေးတစ်ယောက်ရောင်းတဲ့ အသုပ်ဆိုင် ဘယ်ဆိုင်ပိုရောင်းကောင်းမလဲ
ယောက်ျားက ယောက်ျားပဲလေ ။ အသုပ်လက်ရာကောင်းဖို့အသာထား ။
အသုပ်သည်မလေး ကိုယ့်အပေါ်ကောင်းဖို့လိုတယ် မဟုတ်ဘူးလား ဟရို့
ဆိုလိုချင်တာက အဲ့တာပဲ ။
ကုန်မာပစ္စည်းဆိုင်တွေမှာ ယောက်ျားလေးတစ်ယောက် အရောင်းစားရင်းခန့်ပြီးအလုပ်လုပ
(အရောင်းသွက်မသွက်တော့မသိဘူး...
ဒါ့ထက် အခုဆို လက်ဖက်ရ်ာဆိုင်တို့ စားသောက်ဆိုင်တို့မှာလည်း အမျိုးသမီးစားပွဲထိုးတွေပဲ ခန့်နေကြပြန်ပြီလေ ။
အမျိုးသမီးစားပွဲထိုးလေးတွေ ထားတော့ ကောင်းတာပေါ့ဗျ ။
ဆက်စံရေးချိုသာတယ် ။ စကားအပြောအဆို ယဉ်ကျေးတယ် ။
စားသုံးသူအပေါ်လည်း ကောင်းသလို ဆိုင်ရှင်အတွက်လည်း စိတ်ကျေနပ်စရာကောင်းစေတယ်လေ ။
ဟိုတစ်လောကဆို သတင်းစာထဲအထိ ပါတယ် ။ အမျိုးသမီးယာဉ်မယ် စပယ်ယာမအဖြစ် ခန့်အပ်ခဲ့တယ့် ယာဉ်ပိုင်ရှင်တွေ နေ့စဉ် ၀င်ငွေတိုးပြီး ခရီးသွားမိဘပြည်သူတွေလည်း စိတ်ချမ်းသာစရာ ရပါတယ်ဆိုပြီး အမျိုးသမီးယာဉ်မယ်တစ်ချို့နဲ့အတ
ခေတ်ရေစီးကြောင်းက အခုလို ပြောင်းလဲလာတော့ ။
ကျွန်တော်တို့ မွတ်စလာင်မ် စီးပွားရေးသမားတွေမှာလည်း စီးပွားေးလုပ်နည်း ချည်းကပ်ပုံတွေ ပြောင်းလဲလာတယ် ။
အခုဆို တစ်ချို့ မွတ်စ်လာင်မ်ပိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ စားပွဲထိုးယောက်ျားတွေအစား စားပွဲထိုးမတွေက နေရာ ပြောင်းယူလာကြတယ် ။
ကျွန်တော်တို့အတွက်တော့ အဆင်ပြေပါတယ်ခင်ဂျာ့ ။ ပြေပြီးရင်ကို ပြေတာပါခင်ဂျာ့:)
အမြန်လမ်းက ရွှေခရားကြီးတို့ ဘီးလင်းက ရွှေမျက်မှန် (နှင်းပုလဲ )တို့မှာပါ အမျိုးသမီးစားပွဲထိုးလေးတွေကို ခန့်ထားတာ ။ စိတ်ချမ်းသာစရာပါဗျား ။
ဒါပေမဲ့တစ်ခုပဲဗျ ။ ခန့်ထားတဲ့ လူတွေက ဘာသာခြားအမျိုးသမီးတွေချည်းပဲ ။
" အမောင်အရိုး..... ပလီပလာနဲ့ မသထီစရာတွေ ပြောနေတာ ဒီလိုအလုပ်မျိုး တို့ မွတ်စ်လာင်မ်အမျိုးသမီးတွေ ၀င်လုပ်စရာလား သေနာ " ရယ့် ဆိုပြီး အထင်တွေအမြင်တွေ မလွဲမှားလိုက်ကြပါနဲ့ဗျား ။
ကျွန်တော်ဆိုလိုချင်တာက အန္တရာယ်စက်ကွင်းထဲ ရောက်နေတယ်ဆိုတာကို အသိပေးစေချင်လို့ပါ ။ အခုလို ဘာသာခြားအမျိုးသမီးတွေကို ခန့်ထားတော့ နောက်ကွယ်က ကြိုးကိုင်သူက
" ဟဲ့ကောင်မ ညည်းတို့ ဆိုင်ပိုင်ရှင်က တစ်လ ဘယ်လောက်ပေးလဲ ၊ ရှစ်သောင်းထဲလား နည်းလိုက်တာအေ ဘာအလုပ်မှ မလုပ်ရဘဲ အသာထိုင်စားရမယ့်အလုပ်ရှိတယ် ညည်းတစ်ခုတည်း လုပ်ပေးရုံပဲ ငါတို့ ညည်းကို ရှစ်သောင်းမဟုတ်ဘူး သုံးသိန်းပေးမယ် ၊ လုပ်ရာမှာက တစ်ခုထဲ သမီးကို ဆိုင်ရှင်ကုလားကြီး အဓမ္မကျင့်ပါတယ်ဆိုပြီး အော်ရုံပဲ "
အရင်က အဓမ္မမှုဆိုတာ မှုခင်းဆရာဝန်တွေ ဘာတွေနဲ့ အရင် စစ်ပြီးမှ ဆေးစစ်ချက် အတည်ပြုမှ သတ်မှတ်လို့ရတာ ။ အခုကျ အထူးသဖြင့် ဘာသာခြားက ကျူးလွန်ပါတယ်ဟေ့ဆို ဆေးစစ်ချက်အသာထား အဲ့မြို့နယ် ပြာကျပြီမှတ် ။
ဘာသာခြားက မုဒိန်းကျင့်ပါတယ်ဆိုပြီး ရဲစခန်း တာဝန်ကျ ရဲက အတည်မပြုရသေးဘူး အင်တာနက်ပေါ် တင်လိုက်လို့ကတော့ တို့ မုဒိန်းဆရာတော် ၀ီရသူက သူ့ဖေစ့်ဘုတ်နဲ့ အတည်ပြုပေးလိမ့်မယ်
တစ်ချို့ဆိုင် စားပွဲထိုးမတွေကျ တမင်ရည်ရွယ်ချက်ရှိရှိ အကျပ်ကိုင်တယ် ။
ဆိုင်ရှင်က သူ့ကို ဖျက်စီးဖို့ ကြံစည်ပါတယ်ဆိုပြီး ငွေညှစ်တာလည်း ရှိတယ် ။
ဒါပေမဲ့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ပိုင်ရှင်တွေကတော့
ဆက်ပြီး အမျိုးသမီးစားဖွဲထိုး ခန့်နေတာပဲ...။
အခုဖြစ်သွားတယ့် မန္တလေးကို အတုယူပါ ။ ဒီလို ခန့်တယ်ဆိုရင်လည်း သတိဝိရိယ ရှိပါ ။ အလွန် အန္တရာယ်ကြီးပါတယ် ။ အစ တစ်ခုတွေ့ရင် ကုလားတွေ ဆော်ကားတယ် ကုလားတွေ လူပါးဝတယ် ကုလားတွေ တို့အမျိုးသမီးတွေကို ဆော်ကားတယ်ဆိုပြီး အစ ဆွဲထုတ်ချင်သူတွေက အဆင်သင့်ပါ
ဒါကြောင့် တတ်နိုင်ရင် စားပွဲထိုးအမျိုးသမီးတွေ မထားဘဲ စားပွဲထိုးအမျိုးသားတွေသာ ထားပါ ။ သူများ ယောင်တိုင်း လိုက်မယောင်ကြပါနဲ့
ပြောမယ့်ပြောတာ မဟုတ်ဘူးဗျ ။ ကျွန်တော်ဆို
" အကောင်းစားတို့ ရွှေကောင်းကြွယ်တို့ မဟာရန်ကုန်တို့ စိတ်တိုင်းကျတို့" မှာ ၀င်မထိုင်ရဲဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်က လက်ဖက်ရည်မကြိုက်တဲ့ကောင် အအေးနဲ့ မုန့်ပဲ သောက်စားတတ်တာ ။ မုန့်စားရင်တောင် မုန့်နှစ်မျိုးက လွဲပြီး ကျန်တာ မစားဘူး ။ ကျွန်တော်စားတဲ့ နှစ်မျိုးက "အာဟာရ နဲ့ ကြက်ဥကာချက်"
အာ့ပဲ စားတာလေ....။
တော်ကြာ ကိုယ်က အဲ့ဆိုင်တွေမှာ ထိုင်ပြီး ကြက်ဥကာချက်တစ်ပွဲပေးလို့ မှာလို့
ဟိုက စားပွဲထိုးမမက လာချပေး ။ ကျွန်တော်လည်း ကြက်ဥကာချက်ကို တစ်ဇွန်းစားရင်း ဆိုင်က စားပွဲထိုးမမတို့ရယ့် ခန္ဒာကိုယ်အနောက်ပိုင်းအလှကိုကြည
ဒီကုလား စားပွဲထိုးမဖင်ကို ကြည့်ပြီး ကြက်ဥကာချက်စားတယ်
ဒါ ကြိုတင်ကြံစည်မှုဆိုပြီး......
ကျွန်ုပ်အား တရားစွဲကာမှ ဟုတ်ပေ့ဖြစ်အုံးမည်
yooyoolay love....https://www.facebook.com/akthal.akthalkhan?fref=ts...
No comments:
Post a Comment