Friday, July 4, 2014

BREAKING NEWS: (7/4/2014 - 5:03 PM)

မန္တလေးမှာ ဘာဖြစ်နေသလဲ

မန္တလေးက အေးရိပ်ငြိမ် သုဿန်မှာ ညနေ ၄နာရီခွဲကျော်ကစပြီး မီးလောင်နေတယ်လို့ မျက်မြင်တွေ့ရတဲ့ သတင်းထောက်တွေက ဆိုပါတယ်။ သုဿန်မီးမလောင်ခင်အစောပိုင်းတုန်းကတော့ ဇူလိုင် ၃ရက် မနက်မှာ ပဋိပက္ခတွေကြောင့် သေဆုံးခဲ့တဲ့ ကိုထွန်းထွန်းရဲ့ ဈာပနကို ကျင်းပခဲ့ပြီး လိုက်ပါပို့ဆောင်သူ ၁၅ဝဝကျော်ရှိတယ်လို့ ကမာရွတ်မီဒီယာသတင်းထောက်က ပြောပြပါတယ်။

အဲဒီ ဈာပနကို ဆိုင်ကယ်တွေနဲ့ ကျုံးတစ်ပတ်လိုက်ပို့ပြီး ၂၁ x ၈ဝ လမ်းထောင့်အရောက်မှာ ဗလီရှေ့မှာ ကြည့်နေတဲ့ လူ ၃ယောက်နောက်ကို လူအုပ်ကြီး ခဲတွေနဲ့ပစ်ပေါက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ခဲနဲ့ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အနီးအနားက မော်တော်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဂျွန်းဗလီထဲကို ဒီကနေ့မနက် လင်းအားကြီးချိန်မှာ ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး ဘာသာရေး ခေါင်းဆောင်တစ်ယောက်အပါအဝင် လူ၅ယောက်ကို ဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ မျက်မြင်သက်သေတွေက ဆိုပေမယ့် မန္တလေးတိုင်းရဲကတော့ ဒီကိစ္စအပေါ် အတည်ပြုချက် မပေးသေးပါဘူး။
မန္တလေးမြို့ အေးရိပ်ငြိမ် မွတ်စလင် သုဿန် ဝင်းအတွင်းမှာရှိတဲ့ ဗလီ (ကြာနီကန် ကာဘရ်စတန် ဗလီ) အကြမ်းဖက် မီးရှို့ခံရကြောင်း သတင်းရရှိပါတယ်။ ပျက်ဆီးမှုကို စုံစမ်းနေတုံးဖြစ်ပါတယ်။

သုဿန်ဝင်းအတွင်ရှိ ဝန်ထမ်းအိမ်မှာလဲ မီးရှို့ခံရကြောင်းသိရပါတယ်။

M-Media ::

No comments: